အင်အား (၁၀၀) အောက်ဟိရေ စစ်ကောင်စီတပ်စခန်းတိကိုတပတ်အတွင်း သိမ်းနိုင်ကြောင်း ရက္ခိုင့်တပ်တော် ဆို
APM၊ ဖေဖော်ဝါရီ ၂၀/၂၀၂၄
မင်းပြားမြို့နယ်အတွင်း ကျန်နီရေ စစ်ကောင်စီ၏ တိုင်းဗဟို(၉) လိကျင့်ရီးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် က ထိုးစစ်ဆင်တိုက်ခိုက်နီကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်ထဲမာ”မင်းပြားမြို့နယ်၊ ကမ်းနီရွာအနားဟိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗ ဟိုလိကျင့်ရီးသင်တန်းကျောင်း”အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိပြီး၊ အခြားမြို့များဟိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိသည်” လို့ ဖော်ပြထား ပါရေ။
ကမ်းနီလိကျင့်ရီးသင်တန်းကျောင်းလို့ခေါ်ရေ “တိုင်းဗဟို(၉) လိကျင့်ရီးသင်တန်းကျောင်း”စွာ မေလွန်းရွာနန့်လည်း ပါးပါရေ။
ယင်းသင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နိ၊ မိုးထ ၁၀ နာရီ ၄၅ မိနစ်ကစလို့ ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်နီစွာဖြစ်ပြီးကေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိအနီနန့် စောစောစီးစီး လက်နက်ချ အညံ့ခံကတ်ဖို့ ရက္ခိုင့်တပ်တော်က ထပ်မံ သတိပီးထားပါရေ။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီအနီနန့် ခုခံစစ်၊ ခွာစစ်ကလွဲလို့ ရွီးချယ်စရာမဟိဘဲ ၎င်းရို့၏ အထိုင်စခန်း တိကိုရာ အသည်းအသန် ခုခံကာကွယ်နီရရေလို့ ရက္ခိုင့်တပ်တော်က မှတ်ချက်ပြုလိုက်ပြီးကေ၊ စစ်ကောင်စီ၏ တပ်စခန်းတိမာ အင်အား (၁၀၀) အောက်ဟိရေ စခန်းတိကို ရက္ခိုင့်တပ်တော်က တပတ်အတွင်း သိမ်းပိုက်ရယူ နိုင်ခရေပိုင် အချို့စခန်းတိကိုတော့ ရက်ပိုင်းအတွင်းမာသိမ်း ပိုက်ရယူနိုင်ခရေလို့လည်း ဆိုထားပါရေ။
ဒေနိခါ စစ်တွေ၊ပုဏ္ဏားကျွန်း၊ရသေ့တောင်၊ဘူးသီးတောင်မြို့တိမာဟိရေ စစ်ကောင်စီစွာ ၎င်းရို့၏တပ်စခန်းတိ ကနီလို့ လက်နက်ကြီးတိနန့် မြို့၊ ရွာ၊ လူနီအိမ်တိအတွင်းသို့ ယမ်းသန်းပစ်ခတ်တိုက်ခိုက်နီခရေလို့ ရက္ခိုင့်တပ် တော်၏ ဒေနိ ထုတ်ပြန်ချက်မာ ထည့်သွင်းဖော်ပြထားပါရေ။