APM၊ ဖေဖော်ဝါရီ ၁၅/၂၀၂၄
မောင်တောမြို့နယ်၊ ဗောဓိကုန်းရွာနားက စစ်ကောင်စီ၏ ဗောဓိကုန်းစခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဒေနိ၊ ဖေဖော်ဝါရီ ၁၅ ရက်နိမာ ရက္ခိုင့်တပ်တော်က အပြင်းအထန် ထိုးစစ်ဆင်နီရေလို့ သိရပါရေ။
ဒေနိ ထုတ်ပြန်ရေ ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တရပ်ထဲမာလည်း “၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နိတွင် ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဗောဓိကုန်းရွာ၏ အနောက်မြောက်ဖက် မီတာ(၂၀၀)ခန့် အကွာတွင် ဟိသော ဗောဓိကုန်းစခန်းအား မိုးထ (၆) နာရီ (၂၀) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက် ဟိသည်” လို့ ဖော်ပြထားစွာကို တွိရပါရေ။
ယင်းနောက် ရက္ခိုင့်တပ်တော်က “ရန်သူစွာ အဆိုပါစခန်းမကျဖို့အတွက် ကြည်း၊ ရီ၊ လီ ပူးပေါင်းပြီးကေ အပြင်း အထန်ခုခံနီကြောင်း၊ လက်ဟိအချိန်မာ မိမိရို့(ရက္ခိုင့်တပ်တော်)က စစ်ကောင်စီ၏ ဗောဓိကုန်းစခန်းကို အပြီး သတ်သိမ်းပိုက်ရဟိဖို့အတွက် ထိုးစစ်အဟုန်ကို မြှင့်တင် တိုက်ခိုက်နီကြောင်း” ဆိုပါရေ။
တပြိုင်နက်တည်းမာ ရက္ခိုင်ဒေသအတွင်းစစ်ကောင်စီ၏ စစ်ဖက်၊ရဲဖက်တပ်စခန်းတိကို “တခုလေ့မကျန်စီရ ” ဆိုရေ စစ်ရီးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်က ဗျူဟာမြောက်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိပြီးကေ၊ အခြားတဖက်မာ စစ်ကောင်စီကလည်း ကြည်း၊ ရီ၊ လီ ပူးပေါင်း ခုခံစစ်ကိုဆင်နွှဲ လျက်ဟိရေလို့ ရက္ခိုင့်တပ်တော် က ဆိုထားပါရေ။