မိဖပြည်သူ တယောက်ကို စစ်ကောင်စီ ဖမ်းထား
APM၊ ဖေဖော်ဝါရီ ၇ /၂၀၂၄
ဖေဖော်ဝါရီ ၆ ရက်နိ မိုးထက ကျောက်ဖြူမြို့မာ စာမိန်းပွဲဖြေနီရေ ကျောင်းသားတိကို လာကြိုရေ သဲတန်းရွာက အပြစ်မဲ့မိဖပြည်သူတယောက်ကိုစစ်ကောင်စီက ဖမ်းဆီးလားခကြောင်း သိရပါရေ။
အဖမ်းခံရလူစွာ ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ စွန်ပန်းချိုင် သဲတန်းရွာက ဦးကျော်မြင့်ဆန်း (၄၀နှစ်)ဖြစ်ပါရေ။
ဦးကျော်မြင့်ဆန်းစွာ ဖေဖော်ဝါရီ ၆ ရက်နိ မိုးထ ၇ နာရီ ၄၀ မိနစ်အချိန်မာ တရွာတည်းနီ ဦးခင်မောင်လွင်နန့်တတူ သဲတန်းရွာကနီ ကျောက်ဖြူမြို့မာ
စာမိန်းပွဲဖြေဆိုနီကတ်တေ ကျောင်းသားချေတိကို တင်ဆောင်ဖို့ ဟွန်ဒါတစီးနန့် ကျောက်ဖြူမြို့သို့ လားခကတ်ပါရေ။
ကျောက်ဖြူမြို့သို့ ရောက်တေခါ ဟွန်ဒါကို ပြည်သာယာ ဈီးအောက်မာကပ်ထားပနာ ဦးခင်မောင်လွင်က မြို့ထဲသို့ ဈီးပြုဖို့ ထွက်လားခပြီးကေ
ဦးကျော်မြင့်ဆန်းက စာမိန်းပွဲဖြေဆိုပြီးလို့ ကျောင်း သားတိအလာကိုစောင့်ယင်း ဟွန်ဒါထက်မာ ကျန်ခပါရေ။
ယင်းပိုင် အချေတိကိုစောင့်နီချိန် မိုးထ ၁၀ နာရီ ၅၀ မိနစ်အချိန်မာ အရပ်ဝတ်နန့်စစ်ကောင်စီတပ်ဖွဲ့ ဝင် ၆ ယောက် ရောက်လာပြီးကေ ဦးကျော်မြင့်ဆန်းကို ဟွန်ဒါနန့်တတူ ငလပွိချောင်းအတွင်းသို့ဖမ်းဆီးခေါ် ဆောင်လားခပါရေ။
လက်ဟိအချိန်ထိ ဦးကျော်မြင့်ဆန်း ပြန်လွတ်မလာသိမ့်ကြောင်းသိရပါရေ။