
APM၊ ဖေဖော်ဝါရီ ၅/၂၀၂၄
မောင်တောမြို့နယ်ဟိအကြမ်းဖက်စစ်ကောင်စီ၏တောင်ပြို (လက်ယာ) နယ်ခြားစောင့်တပ်စခန်းကို ဖေဖော်ဝါရီ ၄ ရက်နိမာ ရက္ခိုင့်တပ်တော်ကအပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ တောင်ပြို(လက်ဝဲ)တပ်စခန်းကို ပြတ်ပြတ်သားသား သိမ်းပိုက်ဖို့ ရက္ခိုင့်တပ်တော် အပြင်းအထန် ထိုးစစ်ဆင်နီကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်ထဲမာ”၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နိသည် ၁၀၂၇ စစ်ဆင်ရီး (၁၀၁) ရက် ပြည့်မြောက်ခပြီး စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတခုဖြစ်သော ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ဟိ တောင်ပြို (လက်ဝဲ- လက်ယာ) စခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခသည်။ တောင်ပြို (လက်ယာ) စခန်းအား ညဇာ (၆) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခကာ တောင်ပြို (လက်ဝဲ)စခန်းကို ဆက်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိသည်” လို့ ဖော်ပြထားပါရေ။
တောင်ပြို (လက်ယာ)စခန်းသိမ်း တိုက်ပွဲ အတွင်း ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်တိ၏ အလောင်း အမြောက်အမြား
နန့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခပြီး၊ ရက္ခိုင့်တပ်တော်ဖက်ကလည်း ရဲရင့်ပြောင်မြောက်တေ အာရက္ခစစ်သည်တော်အချို့ တိုင်းပြည်နန့် လူမျိုးအတွက် အသက်ပီးဆပ် စွန့်လွှတ်ခရရေလို့ ညီနောင်သုံးဖော်က ဆိုပါရေ။
အဆိုပါစခန်းမှ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲ နန့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၆၀) နီးပါးစွာ နယ်စပ်ကတဆင့် ဘင်္ဂလာဒေ့ချ်နိုင်ငံအတွင်းသို့ လက်နက်တိနန့် ခိုးဝင် ထွက်ဗြီးလွတ် မြောက်လားခရေလို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
တောင်ပြို (လက်ဝဲ) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တိအနီနန့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရဖို့ လို့ လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတိပီးထားပါရေ။
လက်ဟိ
မြောက်ဦး၊ မင်းပြားနန့်ကျောက်တော်မြို့နယ်ရို့မာ စစ်ကောင်စီ လက်လွှတ်ဆုံးယှုံးဖို့ ရာ နှုန်းပြည့် သေချာနီရေ စခန်းအချို့ကိုအပြီးသတ်သိမ်း ပိုက်ရယူနိုင်ရီးအတွက် ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိကြောင်း သိရပါရေ။
