
“ဖေဖော်ဝါရီ ၈ ရက်နိစွာ ရက္ခိုင့်တပ်တော်က ရန်သူ့ ရီတပ်စစ်သင်္ဘောတိကို အာရက္ခပင်လယ်ပြင်အထဲသို့ နစ်မြုပ်အောင် ကြံဆောင်နိုင်ခရေ နိ”လို့ ရက္ခိုင့်တပ်တော် ဆို
APM၊ ဖေဖော်ဝါရီ ၉/၂၀၂၄
ဖေဖော်ဝါရီ ၇ ရက်နန့် ၈ရက်၊ (၂) ရက်တာအတွင်းမာ စစ်ကောင်စီ၏ ရီတပ် သင်္ဘော ၃ စီးကို ရက္ခိုင့်တပ်တော်က တိုက်ခိုက် မြှုပ်သတ်ပစ်နိုင်ခရေလို့ သိရပါရေ။
ရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ရီတပ်သင်္ဘော ၃စီးကိုပစ်ခတ် တိုက်ခိုက် မြှုပ်သတ်ပစ်စွာနန့် ပတ်သက်လို့ “ဖေဖော်ဝါရီလ (၇/၈) ရက်များတွင် စစ်ကောင်စီ၏ရီတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခပြီး မြစ်အတွင်းမှ စစ်ကောင်စီ၏ တိုက်ခိုက်ရီးစစ်သင်္ဘော(၃) စင်းကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခသည်။အလားတူပင် အခြားစစ် သင်္ဘောတစီးကို လည်းထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခသည်” လို့ ထုတ်ပြန်ထားပါရေ။
မှတ်တမ်းတိအရ ၂၀၂၄ ခုနှစ် တလတာ ကာလအတွင်းရက္ခိုင့်တပ်တော်က စစ်ကောင်စီ၏ စစ်သင်္ဘော ၇ စီးကို လားလာလို့မရအောင်၊ မြစ်အတွင်း ရီချမရအောင် လုပ်ဆောင်နိုင်ခပြီး၊ ဒေဂု ဖေဖော်ဝါရီ ၇၊ ၈ ရက်နိတိမာတော့စစ်ကောင်စီ၏ ကမ်းထိုးရီယာဉ်နန့် စစ်သင်္ဘော ၃ စီးကိုရက္ခိုင့်တပ်တော်က ရက္ခိုင့်ပင်လယ်ပြင်ထက်မာ အပြတ် အသတ် ခြီမှုန်း တိုက်ခိုက်နိုင်ခစွာ ဖြစ်ပါရေ။
လက်နက်ချ အညံ့ခံဖို့ ပြောထားကေလေ့ နားထောင်ခြင်းမဟိဘဲ စစ်သင်္ဘောတိထက်က ထွက်ဗြီးနီကတ်တေ ရန် သူတိကိုလည်း ရက္ခိုင့်တပ်တော်က မြစ် ကြောင်းအတွင်းမာ တယောက်မကျန် လိုက်လံခြီမှုန်း တိုက်ခိုက်နီရေလို့ သိရပါရေ။
၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ ၈ ရက်နိစွာ ရက္ခိုင့်တပ်တော် ၏သမိုင်းမာ ရန်သူတိကို ပင်လယ်ပြင်ထက် အောင်ပွဲကိုရွီးထိုးနိုင်ခရေ နိတနိဖြစ်တေပိုင်၊ရန်သူ့ ရီတပ်သင်္ဘောတိကိုအာရက္ခပင်လယ်ပြင်အထဲသို့နစ်မြုပ်အောင်ကြံဆောင် နိုင်ခရေနိဖြစ်ပြီးကေ၊ပင်လယ်ပြင်တိုက်ပွဲအတွင်း ပီးအပ် တေတာဝန်ကို ကျီပွန်စွာနန့်တိကျစွာထမ်းရွက်ခကတ်တေ အာရက္ခစစ်သည်တော်ရို့ကိုလေးနက်စွာဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း ရက္ခိုင့်တပ်တော်က ဆိုထားပါရေ။
