
APM၊ ဖေဖော်ဝါရီ ၁/၂၀၂၄
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မာ ဖေဖော်ဝါရီ ၁ ရက်နိ နိခင်း အကြမ်းဖက် စစ်ကောင်စီ၏ ဓညဝတီရီတပ်စခန်းဌာနချုပ်က လက်နက်ကြီးနန့် ရည်ရွယ် ချက်ဟိဟိ ယမ်းကးပစ်ခတ်ခလို့ အပြစ်မဲ့ အရပ် သားပြည်သူ ၅ ယောက် ကျည်စထိမှန် ဒဏ်ရာရလားခရေလို့ သိရပါရေ။
ဒဏ်ရာရဟိလားရေလူတိကတော့ ကျောက်ဖြူမြို့နယ်၊ အုန်းတောဝက်ဆံရွာက ကိုညီညီနိူင် (၂၂နှစ်)၊ အူချေရွာက ကိုတင်မောင်(၃၃နှစ်)၊ မင်းတက်တောင်ရွာက မခင်လှရီ (၄၀နှစ်)၊ မခင်မြဝင်း (၃၅နှစ်) နန့် ဒေါ်ခင်ခင်ဝင်း (၄၇နှစ်) ရို့ဖြစ်ကတ်ပါရေ။
ဒေနိ၊ ဖေဖော်ဝါရီ ၁ ရက်နိ၊နိခင်း ၂ နာရီက အ ကြမ်းဖက်စစ်ကောင်စီ၏ဓညဝတီ ရီတပ်စခန်းဌာနချုပ်က လူနီရပ် ရွာတိကို ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့်ပစ်ခတ်ရာ လက်နက်ကြီးကျည် ၂ လုံးစွာ ဂုံးချွိန်တိုက်နယ်၊အူချေရွာသို့ ကျရောက် ပေါက်ကွဲခပါရေ။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ရွာခံပြည်သူတယောက်အပါအဝင် ဇင်ချောင်းက ဈီးပြုပြီးလို့ ပြန်လာကတ်တေ အပြစ်မဲ့ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာတိ ရလားခပါရေ။
ဒဏ်ရာရလားလူတိအထဲမာ ကိုညီညီနိုင်က ဒူးဆစ်၊ လက် ဆစ်နန့်ဘေးစ၊ ကိုတင်မောင်က ခြီခုံ၊ နောက်ကုန်းနန့်ဦးဂေါင်းနောက်စိ၊ မခင်လှရီက လက်ဖဝါးနန့်လက်သန်းတိ၊ မခင်မြဝင်းက လက်ဆစ်တိ၊ ဒေါ်ခင်ခင်ဝင်းကလက်ဖဝါး အသီး သီး ဒဏ်ရာတိရလားခပါရေ။
လက်ဟိမာ ၎င်းရို့စွာ အရေးပေါ်ဆီးကုသမှုခံယူနီရရေလို့ သိရပါရေ။



