
APM ၊ ဂျန်နဝါရီ ၃၁ / ၂၀၂၄
မင်းပြားမြို့နယ်မာ ဂျန်နဝါရီ ၃၀ ရက်နိ နိခင်းက အကြမ်း ဖက်စစ်ကောင်စီ နေဗီက လက်နက်ကြီးနန့်ပစ်လို့ အပြစ်မဲ့အာရက္ခပြည်သူ ၃ ယောက်ဒဏ်ရာရလားပြီး လူနီအိမ် တဆောင် ပျက်စီးလားခရေလို့ သိရပါရေ။
ဒဏ်ရာရလားရေပြည်သူတိကတော့မင်းပြားမြို့ နယ်၊ရီငံဆည်ရွာက မအေးခိုင်ချေ (၁၈ နှစ်)၊ ဒေါ်မခိုင်ဦး (၇၀ နှစ်) နန့် ဒေါ်ဝါနု (၇၄ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ဂျန်နဝါရီ ၃၀ ရက်နိ နိခင်း ၁ နာရီလောက်က မင်းပြားမြို့ နယ်၊ ကြပ်စင်မြစ်(ကျားရဲပြင်ရွာနား)မာ ရပ်တန့်ထားရေ အကြမ်းဖက်စစ်ကောင်းစီနေဗီက အပြစ်မဲ့ပြည်သူတိ နီထိုင်ရာရပ်ရွာတိသို့ လက်နက် ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိပစ်ခတ်ခကြောင်း ဒေသခံတိက ပြောပါရေ။
လက်နက်ကြီးကျည်တိထဲက ကျည်၂ လုံးစွာ ရီငံဆည်ရွာထဲကျရောက် ပေါက်ကွဲပြီးကေ မအေးခိုင်ချေမာ မျက်နှာ၊ ဒေါ်မခိုင်ဦးမာ ဘယ်ဖက်ခြီထော က်၊ ဒေါ်ဝါနုမာ လိုင်ဖင်းနန့် ဘယ်ဖက် တင်သားရို့မာ ထိခိုက်ဒဏ်ရာတိ ရလားခကြောင်း ဆိုပါရေ။
လက်ဟိမာဒဏ်ရာရလားခရေလူတိစွာ အရေးပေါ် ဆီးကုသမှုခံယူနီရေလို့ သိပါရေ။
ယင်းအပြင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ရီငံဆည်ရွာက ဦးကြာထွန်းအောင်၏ နီအိမ်လည်း ပျက် စီးလားခရေလို့ သိရပါရေ။
