
APM၊ ဖေဖော်ဝါရီ ၃/၂၀၂၄
စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းတိနန့် စစ်လက်နက်အကြွင်း အကျန်ပစ္စည်းတိ အချိန်မရွီးပေါက်ကွဲနိုင်ရေအတွက် စစ်အသုံးအဆောင်ပစ္စည်းတိ၊ လက် နက်ကြီနန့်ပတ်သက်လို့ ကျည်စတိအပါအဝင် မိုင်းအန္တရာယ် မိဖပြည်သူလူထုသို့ ညီနောင်မဟာမိတ် (၃)ဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နိမာ အထူးသတိပီး ထုတ်ပြန်လိုက်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ပြည်သူသို့ သတိပီး ထုတ်ပြန်ချက်ထဲမာ “အရပ်သားပြည်သူလူထုများအနီနန့်တိုက်ပွဲဖြစ်ပွားသည့်နီရာများ၊ စစ်ကောင်စီမှ လက်နက် ကြီးများဖြင့် ယမ်းသန်းပစ်ခတ်တိုက်ခိုက်နီသည့် နီရာများသို့ မလွှဲမယှောင်သာ လားလာရမည်ဆိုပါက သတိထားလားလာကတ်ရန်သတိ ပီးအပ်ပါသည်။ ထို့အပြင် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနန့်စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများသည် အချိန်မရွီးပေါက်ကွဲစီတတ်သောကြောင့်စစ်အသုံး အဆော င် ပစ္စည်းများနန့် လက်နက်ကြီးကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုသတ်ခြင်းနန့်ကဇတ်ခြင်းများ မပြုလုပ်ကတ်ရန်ကိုလည်း အထူးသတိပီးအပ်ပါ သည်” လို့ ဖော်ပြထားပါရေ။
စစ်ကောင်စီစွာ စစ်ပွဲအတွင်း လိုက်နာကျင့်သုံးရဖို့ ဂျီနီဗာကွန်ဗန်းသျှင်းကို လိုက်နာမှုမဟိဘဲ ဖောက် ဖျက်ကျူးလွန်လိဟိပြီး မြီမြှုပ်မိုင်း၊နင်းမိုင်း၊စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနန့် ထောင်မိုင်းတိကို ၎င်းရို့၏တပ်စခန်းတိအနားမာတင်မက အရပ်သားပြည်သူများနီထိုင်ရာမြို့ရွာတိ၊စာသင်ကျောင်းတိနန့် သာသနိက အဆောက်အအုံတိ အပါအဝင် အများပြည်သူ လားလာရေ နီရာတိမာ မိုင်းထောင်တတ်လို့ အဂုပိုင် အထူး သတိပီးရစွာဖြစ်ကြောင်း ညီနောင်(၃)ဖွဲ့က ဆိုပါရေ။
စစ်ကောင်စီစွာ ယင်းပိုင် စွန့်လွှတ်မိုင်းတိနန့်ပတ်သက်လို့ယုတ်မာရေလုပ်ရပ်တိကို မြန်မာနိုင်ငံအနှံ့ဆယ်စုနှစ်များစွာ လုပ်ကိုင်လာခပြီးဖြစ်တေလို့လည်း ညီနောင် သုံးဖော်က ပြောပါရေ။
အလားတူ စစ်ကောင်စီရေ မြို့ရွာတိအတွင်းသို့ လက်နက် ကြီးတိနန့် ရက်ပြတ်ပစ်ခတ်တိုက်ခိုက်နီရေအတွက်တချို့တချို့ လက်နက်ကြီးကျည်တိစွာ မပေါက်ကွဲဘဲ ကျန်နီခတတ်လို့ အရပ်သားပြည် သူလူထုရို့၏ မိုင်းနင်းမှု၊စစ်ကျန် လက်နက်ပေါက်ကွဲမှု ဖြစ်စဉ်တိက မြန်မာတပြည်လုံးမာ ဖြစ်ပျက်လို့ဟိနီပြီးကေ အရပ်သားပြည်သူရို့၏ ထိခိုက်ဒဏ်ရာရမှုနန့် အသက်သီဆုံးမှု နှုန်းလည်း မြင့်တက်လာရေအတွက် ပြည်သူလူထုအနီနန့်သတိထားလားလာကတ် ဖို့ ညီနောင်(၃)ဖွဲ့က အထူးသတိပီး ဖော်ပြထားပါရေ။
