
APM ၊ ဖေဖော်ဝါရီလ ၄/ ၂၀၂၄
ဒေနိ၊ ဖေဖော်ဝါရီ ၄ ရက်နိမာ အကြမ်းဖက် စစ်ကောင်စီ ၏ နယ်ခြားစောင့်တပ်ဖွဲဝင် ၁၄ ယောက်စွာ လက်နက်တိနန့်တတူ ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထွက်ဗြီး ဝင်ရောက်လာရေလို့ ကော့ဘဇားဟိ BGB တပ်ရင်းမှူးက ပြောပါရေ။
ထွက်ဗြီးလာရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိ၏ လက်နက်တိကို ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ်ဖွဲ့က သိမ်းဆည်းထားပြီးကေ ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တိကို အချုပ်ထဲမာ ဖမ်းထည့်ထားရေလို့ ဆိုပါရေ။
အသက်ထွက်မတတ်ကြောင့်လန့်ပနာ ဝရုန်းသုန်းကား ဗြီးလာရေ အကြမ်းဖက်စစ်ကောင်စီတပ်သားတိကို ဖမ်းဆီးချုပ်နှောင်ထားပနာ နိုင်ငံတကာစံချိန်စံနှုန်းအတိုင်းလုပ် ဆောင်နီရေလို BGB-34 တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးက ပြောပါရေ။
ယင်းထွက်ဗြီးဝင်ရောက်လာရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့်ပတ်သက်လို့ သက်ဆိုင်ရာစစ်ကောင်စီကိုအကြောင်း ကြား ထားရေလို့လည်း ပြည်ထဲရီးဝန်ကြီးက ဆိုပါရေ။
လွန်ခရေရက်ပိုင်းကလည်းဘင်္ဂလားဒေ့ချ်နိုင်ငံထဲသို့ စစ်ကောင်စီ၏ မော်တာကျည်တိကျရောက်လို့ ဘင်္ဂလားဒေ့ချ်အစိုးရက စစ်ကောင်စီကို ပြစ်တင်ကြိမ်းမောင်းပြီးကေ နယ်စပ်တလျှောက် လုံခြုံရီးတင်းကျပ်ထားးခပါသိမ့်ရေ။
Source : Fourteen Myanmar border guards take refuge in Bangladesh
Photo : Dhaka Tribune

