APM၊ မာ့ချ် ၁ / ၂၀၂၄
ကျောက်ဖြူမြို့၊ ကျောက်တလုံးမူဆလင် ကယ်ဆယ်ရီးစခန်းက အမျိုးသား ၁၁၇ ယေက်ကိုဖေဖော် ဝါရီ၂၈ ရက် နိကစလို့ စစ်ကောင်စီကခြိမ်းခြောက်ပြီးအတင်းအကျပ်ကားနန့်တင်ခေါ်ပနာ ကျောက်ဖြူအခြီစိုက် ခမရ (၅၄၂) တပ်ရင်းထဲမာ စစ်သင်တန်းတက်ခိုင်းခကြောင်း ဒေသခံတိက ပြောပါရေ။
ယင်း ကျောက်တလုံးကယ်ဆယ်ရီးစခန်းက မူဆ လင်အမျိုးသား ၁၁၇ ယောက်စွာ အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြားဖြစ်ကတ်ပြီးကေ စစ်ကောင်စီ၏ ဖိအားပီး အကျပ် ကိုင်ခြိမ်းခြောက်ပနာ အတင်းအဓမ္မ ကားတင် ခေါ်ယူမှုကြောင့် ဖေဖော်ဝါရီ ၂၈ နန့် ၂၉ ရက်တိမာ ခမရ(၅၄၂) အတွင်း မလွှဲမယှောင်သာ စစ်သင်တန်းတက်ခရရေလို့ ပြောပါရေ။
စစ်ကောင်စီက စစ်သင်တန်းတက်ဖို့ စာရင်းစကော က်ခါအမျိုးသား ၁၀၇ယောက်ရာဆိုကေလေ့ ကားနန့်လာခေါ်ရေခါ စုစုပေါင်း ၁၁၇ ယောက်ကို အတင်း အကျပ်ခေါ်ယူလားရေလို့ ဆိုပါရေ။
အစောပိုင်းမာ စစ်မှုထမ်းကတ်ဖို့အတင်းအကျပ်ဖိအားပီးလာမှုကြောင့် ကျောက်တလုံးကယ်ဆယ်ရီး စခန်းက စစ်မှုမထမ်းလိုရေ မူဆလင်လူငယ်တချို့စွာ စခန်းကိုစွန့်ခွာတိမ်းယှောင်မှုတိဟိကြောင်း သ တင်းတိထွက်ပေါ်လာပြီးနောက်ပိုင်း ယင်းလူငယ်တိ၏ မိသားစုဝင်တချို့ကို စစ်ကောင်စီ၏ ဗျူဟာမှူး ဝဏ္ဏအောင် ဦးဆောင်ပနာ ခမရ (၅၄၂)ထဲသို့ဖမ်းဆီးခေါ်ဆောင်လားကြောင်း သိရပါရေ။
လက်ဟိမာ ခမရ (၅၄၂) ထဲ ဖမ်းဆီးထားရေ ယင်းမိသားစုဝင်တိ ဒေဂုအချိန်ထိ ပြန်လွှတ်မပီးသိမ့်ဘဲ ဆက်လက်ဖမ်းထားပြီးကေ သူရို့တိအတွက် ထမင်းလားပို့ပီးနီရရေလို့လည်း ဒေသခံတိပြောကြားချက်အရ သိဟိရပါရေ။