
APM ၊ ဖေဖော်ဝါရီ ၄ / ၂၀၂၄
မြောက်ဦးမြို့နယ်မာ ဒေနိ (ဖေဖော်ဝါရီ ၄ ရက်နိ)မိုးထက အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတိနန့် ပစ်လို့ အပြစ်မဲ့ပြည်သူတယောက် ဂွင်ချင်း သီဆုံးလားခပြီးကေ နောက်ထပ်တယောက်လည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလားကြောင်း သိရပါရေ။
သီဆုံးလားခရေလူစွာ မြောက်ဦးမြို့နယ်၊ သရက်ချို (မူဆလင်)ရွာက ဦးလှမောင် (၄၅နှစ်) ဖြစ်ပြီးကေ ဒဏ်ရာရလားခလူကတော့ ယင်းရွာက ဦးအာဘုကာဆိန် (၇၀နှစ်) ဖြစ်ပါရေ။
ဒေနိ၊မိုးထ ၁၁ နာရီကျော်က ဦးလှမောင်နန့် ဦးအာဘုကာဆိန်ရို့စွာ ရွာအနောက်ဖက်ဟိ သူရို့ပိုင်ရေလယ်ကွင်းမာ တလင်းသိမ်းနီချိန် မြောက်ဦးအခြီစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၃၇၇) တပ်ရင်းက ယမ်းကားပစ်ခတ်လိုက်တေ လက်နက်ကြီးကျည် ၄ လုံးကျရောက်ပေါက်ကွဲခရေလို့ ဒဏ်ရာရလားရေ ဦးအာဘုကာဆိန်က ပြောပါရေ။
ယင်းပေါက်ကွဲမှုကြောင့်လက်နက်ကြီးအစထိမှန်ပနာ ဦးလှမောင်စွာ ယင်းနီရာမာ ဂွင်ချင်း သီဆုံးလားခပြီးကေ၊ ဦးအာဘုကာဆိန်ကတော့ ညာဖက်ဘေးစ၊ ညာဖက်လက်ဖျံရိုးမာ အပြင်းအထန်ဒဏ်ရာရလားရေလို့ ဆိုပါရေ။
လက်ဟိမာ ဒဏ်ရာရလားရေ ဦးအာဘုကာဆိန်စွာ အရေး ပေါ်ဆီးကုသမှု ခံယူနီရရေလို့ သိရပါရေ။
