အာရက္ခပြည်သူတယောက် ဂွင်ချင်း သီဆုံးပြီး၊ လူနီအိမ် ၁၀ ကျော် မီးလောင် ပြာကျ
APM ၊ ဂျန်နဝါရီ ၁၉ / ၂၀၂၄
ဂျန်နဝါရီ ၁၈ ရက်နိ၊မိုးထက အကြမ်းဖက် ဖက်ဆစ်စစ် ဝါဒီ စစ်ကောင်စီတပ်စွာ ဆက်သွယ်ရီး လိုင်းတိကို ဖြတ်ထားပနာ မင်းပြားမြို့ကို ဂျက်ဖိုက်တာနန့် ရည်ရွယ်ချက် ဟိဟိ ဗုံးကြဲ တိုက်ခိုက်ခလို့ အပြစ်မဲ့ အာရက္ခပြည်သူတယောက် ဂွင်ချင်း သီဆုံးလားပြီးကေ လူနီအိမ်တချို့ မီး လောင် ပြာကျလားခကြောင်း သိရပါရေ။
သီဆုံးလားခရေလူစွာ မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်က ဦးသန်းအောင် (၃၀ နှစ်) ဖြစ်ပါရေ။
ဂျန်နဝါရီ ၁၈ ရက်နိ မိုးထ ၁၀ နာရီ မိနစ် ၃၀ လောက်မာ အကြမ်းဖက် စစ်ကောင်စီတပ်က မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်ကို ယုတ်မာကောက်ကျစ်စွာ တလိတမင် ဗုံးကြဲတိုက်ခိုက်ခပါရေ။
ယင်းတိုက်ခိုက်မှုကြောင့် ဦးစိုးတင့်ရပ်ကွက်က ဦးသန်းအောင် အိမ်တည့်တည့်သို့ ဗုံးသီး ကျရောက် ပေါက်ကွဲခပြီးကေ ဦးသန်းအောင်စွာ နီရာမာပင် ဂွင်ချင်း သီဆုံးလားခပါရေ။
ယင်းအပြင် ဦးစိုးတင့်ရပ်ကွက်က ဦးသန်းအောင်၏အိမ်အပါအဝင် လူနီအိမ် ၁၀ ကျော်လည်း ဗုံးသီး ကျရောက် ပေါက်ကွဲမှုကြောင့် မီးလောင် ပြာကျခရပါရေ။
စစ်ရီး၊ နိုင်ငံရီး၊ သံတမန်ရီးအပါအဝင် အဖက်ဖက်က အယှုံးနန့်ရင်ဆိုင်နီရရေ အကြမ်းဖက် ဖက်ဆစ်စစ်ဝါဒီ စစ်ကောင်စီတပ်စွာ အာရက္ခတိုင်းပြည်မာ ဖုန်းလိုင်း၊အိန်တာနက် လိုင်းတိကို ရည်ရွယ်ချက်ဟိဟိ လူမဆန်စွာ ဖြတ်တောက်ပနာ အပြစ်မဲ့အရပ်သားပြည်သူတိကို ရက်ရက် စက်စက်သတ်ဖြတ်ခြင်း၊အရပ်သားပြည်သူတိနီထိုင်ရာမြို့ရွာတိကို လီကြောင်း၊ ရီကြောင်းနန့် ပစ်မှတ်ထားတိုက် ခိုက်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုတိကို ပြောင်ပြောင် တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်လို့ ဟိနီပါရေ။