
APM၊ ဂျန်နဝါရီ ၂၄/၂၀၂၄
ပလက်ဝဒေသဟိ မြိတ်ဝအုပ်စု၊မြိတ်ဝရွာမှ စစ်ဖီးယှောင်ပြည်သူတိကို၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၂၄ ရက်နိမာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ဆန်နန့်ငွေသားတချို့ ထောက်ပံ့ကူညီပီးခရေလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က သတင်းထုတ်ပြန်လိုက်ပါရေ။
ယင်းပိုင်ကူညီထောက်ပံ့ရေခါ အိမ် ထောင်စု တစုကို မြန် မာငွေ (၂၀၆၅၀၀) ကျပ်နန့် ဆန် (၇၃) ဗူးကျစီ ထောက်ပံ့ကူညီခကြောင်း၊ အိမ်ထောင်စု စုစုပေါင်း (၁၂၁) စုကိုထောက်ပံ့ကူညီပီးခကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ဆိုပါရေ။
ပလက်ဝဒေသ မြိတ်ဝရွာစွာ ၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လကပင် အိန္ဒိယနန့် ရက္ခိုင်ပြည်ထဲမာ စစ်ဖီးယှောင်နီကတ်တေ
အိမ်ထောင်စု စုစုပေါင်း (၁၃၆) စုဟိခပြီးကေ၊ ဒေဂုအခါ ကိုယ့်ဒေသသို့ပြန်လည်နီထိုင်လာကတ်လို့ အိမ်ထောင်စု (၁၂၁) စုရာ ဟိသိမ့်ရေလို့ သိရပါရေ။
ကျန်ရေအိမ်ထောင်စုတိကတော့ခါ အိန္ဒိယနိုင်ငံဖက်ခြမ်းနန့် ရက္ခိုင်ပြည်က ကျောက်တော်၊ မြောက်ဦးရို့မာ စစ်ဖီးယှောင်နီကတ်တုန်း ဖြစ်ပါရေ။
မိမိရို့အနီနန့် စစ်အတွင်းကာလ ဆင်းရဲဒုက္ခတိကို တတူရင်ဆိုင်ခကတ်တေပိုင် ဒေဂုစစ်ပွဲမဟိရေအချိန်မာလည်း ပြန်လည်ထူထောင်ရီးလုပ်ငန်းတိမာ ပြည်သူ့အကျပ် အတည်းတိကို အတတ်နိုင်ဆုံး ဖြီယှင်း ထောက်ပံ့ ကူညီပီးလားဖို့လို့ ရက္ခိုင်အမျိုးသားအဖွဲချုပ်(ULA)က ထုတ်ပြန်ထားပါရေ။
#AAInfoDesk


