
APM၊ ဂျန်နဝါရီ ၂၄/၂၀၂၄
ဂျန်နဝါရီ၂၃ ရက်နိ၊ညဇာဖက်မာ ဘူးသီးတောင်အခြီစိုက်အကြမ်းဖက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိ ပစ် ခတ်လိုက်တေ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ ပြီးကေ ဘူးသီးတောင်မြို့နယ်၊မောင်နှမပုလဲတောင်(မူဆ လင်)ရွာကြီးက မူဆလင်အချေ ညီအစ်ကို ၃ ယောက်ဂွင်ချင်းသီဆုံးခပြီးကေ၊ အချေ၂ ယောက်အပါအဝင်နောက် ထပ် ၈ ယောက်လည်း ဒဏ်ရာရလားကြောင်း သိရပါရေ။
ဂျန်နဝါရီ၂၃ ရက်နိ၊ ညဇာ ၅ နာရီ မိနစ်၂၀လောက်မာ ဘူး သီးတောင်အခြီစိုက်စစ်ကောင်စီတပ် စကခ(၁၅)မှ မောင် နှမပုလဲတောင်ရွာကြီးသို့ ရည်ရွယ်ချက်ဟိဟိ လက်နက် ကြီး၂ လုံး ပစ်ခတ်ခကြောင်း ရွာသားတိက ပြောပါရေ။
ယင်းလက် နက်ကြီးကျည်တိစွာ မောင် နှမ ပုလဲတောင်(မူဆလင်)ရွာကြီးထဲသို့ (၁)လုံး၊ ယင်းရွာအနားဝန်းကျင်သို့ (၁) လုံး ကျရောက်ပေါက်ကွဲခပြီးကေ ရွာက မူဆလင်ချေ ညီအစ်ကို ၃ ယောက် ဂွင်တိုင်းသီဆုံးလားပြီးကေ နောက် ထပ် ၈ ယောက်လည်း ဒဏ်ရာရလားရေလို့ ရွာသားတိကဆိုပါရေ။
အကြမ်းဖက်စစ်ကောင်စီ၏ လက်နက် ကြီးကြောင့် သီဆုံး လားခရေ အချေတိကတော့ မောင်နှမပုလဲတောင်ရွာကြီးက အဖ ဆွေယောဇာမာ၏ သားတိဖြစ်ကတ်တေ မာတဒ်ဖာရုခ်(၁၇နှစ်)၊မာမတ်ဖိုက်ဆဲလ်(၁၄နှစ်)နန့် မာမတ်ကိုက်ဆေလ်(၁၂နှစ်)ရို့ညီအစ်ကို (၃) ယောက် ဖြစ်ကတ်ပါရေ။
ဒဏ်ရာရလူတိကတော့ မောင်နှမပုလဲတောင်ရွာကြီးက…
၁။အဖ အီဗြာဟိမ်း၏သား မာမတ်ဂျော်နီ(၁၃နှစ်)
၂။အဖ အာဘုလ်ဟာဘေဆ်၏သား ရီဟာန်(၈နှစ်)၊
၃။အဖ ဆွေတာဘောရ်၏သား အဒူကာဒေရ်(၆၅နှစ်)၊
၄။အဖ အဒူကာဒေရ်၏သား မာမတ်အာနိုဝါရ်(၃၅နှစ်)၊
၅။အဖ ဆွေဒူရာမာန်၏သား ဇာမာဟူဆိန်း(၃၀နှစ်)၊
၆။အဖမာမတ်ချော်ရိပ်၏သားမာမတ်တာတေရ်(၂၅နှစ်)၊
၇၊အဖဂျာနီအာလောမ်၏သ္မီးဆာဘေကူနာဟာရ်(၁၈နှစ်)၊
၈။အဖ မာမတ်ချော်ဖိီ၏သား ရော်ဟီမူလ္လာ(၃၅နှစ်)ရို့ ဖြစ်ကတ်ပါရေ။
လက်ဟိ ဒဏ်ရာရလားရေရွာသားတိကိုတော့ အရေးပေါ်ဆီးကုသနီရရေလို့ သိဟိရပါရေ။
