
APM၊ ဖေဖော်ဝါရီ ၆/၂၀၂၄
ဖေဖော်ဝါရီ ၅ ရက်နိ၊ ညဇာပိုင်းမာ အကြမ်းဖက်စစ်ကောင်စီစွာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာက အသက်မပြည့်သိမ့်ရေ ကျောင်းသားလူငယ် ၃ ယောက်အပါအဝင် အရပ်သား ပြည်သူ ၄ ယောက်ကို ဖမ်းဆီးလားခကြောင်း သိရပါရေ။
ဖမ်းဆီခံရရေလူတိကတော့ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ရွာက မောင်နိုင်ထွန်း (၁၄နှစ်)၊ မောင်ချမ်းမင်းနိုင်(၁၄နှစ်)၊မောင်ကျားဘဂျမ်း (၁၇နှစ်)၊ ဒေါ်မိခိုင် (၅၃နှစ်)ရို့ ဖြစ်ကတ်ပါရေ။
မောင်နိုင်ထွန်းနန့် မောင်ချမ်းမင်းနိုင်ရို့စွာ အလယ် တန်းကျောင်းသားချေတိ ဖြစ်ကတ်ပြီးကေ မောင်ကျားဘဂျမ်းက ကျဘမ်းလုပ်ကိုင်ပနာ၊ ဒေါ်မိခိုင်စွာ စျီးသည်လို့ သိရပါရေ။
ဖေဖော်ဝါရီ ၅ ရက်နိ၊ ညဇာဖက် ၃ နာရီက မောင်နိုင်ထွန်း၊မောင်ချမ်းမင်းနိုင်နန့် မောင်ကျားဘဂျမ်းရို့စွာ ဒေါ်မိခိုင်အပါအဝင် ဂုံးချွိန်ရွာက ဈီးသည်တချို့၏ ဈီးတောင်းတိကို ကျောက်ဖြို့မြို့သို့လောင်းနန့် ပို့ဆောင်ပီးရေခါ GTI ကျောင်းနားက ဝင်ရောက်ချိန် ယင်းကျောင်းနားမာ လုံခြုံရီးယူထားရေ စစ်ကောင်စီတပ်၊ ရဲ အင်အား စုစုပေါင်း ၂၀ လောက်က ဝိုင်းဝန်း ဖမ်းဆီးလားစွာ ဖြစ်ပါရေ။
လက်ဟိ ဒေါ်မိခိုင်ကို ကျောက်ဖြူမြို့မရဲစခန်းမာ ထိန်းသိမ်းထားရေလို့ သိရပြီးကေ ကျန်ရေ ကျောင်းသား လူငယ် ၃ ယောက်ကိုတော့ ဇာနီရာသို့ ခေါ်လားမှန်း မသိရသိမ့်ကြောင်း ဒေသခံတိက ပြောပါရေ။
