APM၊ ဖေဖော်ဝါရီ ၁၁/၂၀၂၄
ဒေနိ၊ဖေဖော်ဝါရီ ၁၁ရက်နိမာလည်းရမ်းဗြဲမြို့နားတဝိုက်က ရပ်ရွာတချို့ကို စစ်ကောင်စီ၏ နေဗီ ကမ်းထိုးဇက်ရီယာဉ်က လက်နက်ကြီးတိနန့်ပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
“အေနိခါ ကလိန်တောင်မြစ် သလူချောင်းနန့် ပြင်ချောင်းကြီးချောင်းဝ ကြားမာ တန့်ထားရေ နေဗီ ကမ်းထိုးဇက်ရီယာဉ်က မိုးထ ၁၀ နာရီ ၃၈ မိနစ်ကပင် ၁၁ နာရီ ၁၀ မိနစ်အထိ လက်နက်ကြီးနန့် (၇) ကြိမ်ပစ်ခပါရေ”လို့ ရမ်းဗြဲ ဒေသခံက ပြောပါရေ။
ဒေနိခါတော့အယင်ရက်တိကပိုင် လူမဟိရေ ရမ်းဗြဲမြို့ကို ဦးတည်ပစ်စွာမျိုးထက် မြို့နားပတ်ဝန်းကျင်နန့် ရပ်ရွာအနားတိကို ပစ်တေလို့ သူက ဆိုပါရေ။
“ဇက်နေဗီကပစ်စွာကတော့ ပြင်ချောင်းကြီးရွာအပြင်ဖက် ပတ်ဝန်းကျင်တိကိုကျပါရေ။ ယေကေလေ့ ဦးတည်ချက်ပြောင်းလားရေလား ပြောဖို့ခက်ပါရေ။ ဒေနိ ညဇာဖက်၊ ညစာစားပြီးချိန်အထိတော့ ထပ်လို့မပစ်သိမ့်ပါ။ ညည့်ခါသားပစ်ဖို့လား၊ဇာဖက်သို့ပစ်ဖို့လေး ဆိုစွာကိုလည်းစိုးရိမ် စိတ်နန့်စောင့်ကြည့်နီကတ်ရပါရေ”လို့ သူက ပြောပါရေ။
ယင်းအပြင် ရမ်းဗြဲမြို့၊ သိမ်တောင် ဘုရားကုန်းထက်မာ ထပ်စွဲထားရေ စစ်ကောင်စီတပ်စခန်းကလည်း နိခင်းဖက်က လက်နက်ချေတိနန့် ယမ်းကားပစ်ခတ်ခသိမ့်ရေလို့ သိဟိရပါရေ။