
APM၊ ဂျန်နဝါရီ ၁၈/၂၀၂၄
“စစ်ဖီးယှောင်တိအတွက် လူမျိုး၊ဘာသာမခွဲခြားဘဲ စာနာ စိတ်အပြည့်နန့် တတ်နိုင်သည်များကို တဖွဲ့ချင်းဖြစ်စီ၊ ညီ နောင်မဟာမိတ် (၃) ဖွဲ့အနီနန့် ဖြစ်စီ အကောင်းဆုံး ပံ့ပိုးကူညီပီးလားဖို့”လို့ ဂျန်နဝါရီ ၁၆ ရက်နိက သျှမ်းမြောက်ဒေသဟိ စစ်ယှောင်တိကို ရက္ခိုင့်တပ်တော်က စာနာမှုအပြည့်နန့် တနိုင်တပိုင် ပံ့ပိုးကူညီမှုသတင်း ထုတ်ပြန်ချက်ထဲမာ ထည့်သွင်း ဖော်ပြပါရေ။
ယင်းထုတ်ပြန်ချက်မာ” စစ်ဖီးဒဏ်နန့်အတူ စားဝတ်နီရီးအခက် အခဲ ကြုံတွိနီရသော ပြည်သူများနန့် မိမိရို့သည် တသွီးတည်း၊တသားတည်း အချိန်မရွီးဟိနီပါသည်။မိမိရို့သည် ဇာနီရာ၊ ဇာဒေသ သို့ ရောက်ရောက် လူမျိုးမရွီး၊ ဘာသာမရွီးခွဲခြားစိတ်မဟိဘဲအတူရပ်တည်နီပါသည်။ယင်းအပြင် စာနာစိတ်အပြည့်နန့် တတ်နိုင်သည်များကို တဖွဲ့ချင်းဖြစ်စီ၊ ညီနောင်မဟာမိတ် (၃) ဖွဲ့အနီနန့်ဖြစ်စီ အ ကောင်းဆုံးပံ့ပိုးကူညီပီးလားပါမည်” လို့ ဖော်ပြထားပါရေ။
ယင်းအပြင် စစ်ပွဲတိကြောင့် ပြည်သူရို့မာ လူမှုစီးပွားဒုက္ခအဝဝနန့် အခက်အခဲမျိုးစုံ ကြုံတွိလာရကေလေ့ အခက် အခဲတိကို အားလုံး စုပေါင်း ရင်ဆိုင်ပြီးကေ ပိုမိုကောင်း မွန်ရေ အနာဂတ်သို့ရောက်ဟိရီးအတွက် အားလုံး စုစည်းရင်ဆိုင် လားကတ်ဖို့ကိုလည်း ရက္ခိုင့်တပ်တော် (AA) က တိုက်တွန်းထားပါရေ။
သျှမ်းမြောက်ဒေသ မူဆယ် နန့် ၁၀၅ မိုင်အနားတဝိုက်ဟိ စစ်ဖီးယှောင် ပြည်သူတိကို ရက္ခိုင့်တပ်တော် (AA) က
ဂျန်နဝါရီ ၁၆ ရက်နိ၊ နိခင်း ၁ နာရီခွဲကနီ ညဇာ ၆ နာရီထိ စာနာမှုအပြည့်နန့် တနိုင်တပိုင်ကူညီပံ့ပိုးမှုတိ လုပ်ဆောင်ခကြောင်း သိဟိရပါရေ။






