APM၊ ဖေဖော်ဝါရီ ၆/၂၀၂၄
မင်းပြားမြို့နယ်အတွင်း စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) နန့် ခမရ (၅၄၁) တပ် ရင်း(၂)ရင်းကို ရက္ခိုင့်တပ်တော်က ဒေနိ ဖေဖော်ဝါ ရီ ၆ ရက်နိမာ အပြီးသတ် သိမ်းပိုက်လိုက်ပြီးဖြစ် ကြောင်း သိရပါရေ။
မင်းပြားမြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၃၈၀)၊ ခမရ(၃၇၉)၊ ခမရ(၅၄၁)ဆိုပနာ ခြီမြန်တပ်ရင်း (၃) ရင်းဟိရေအနက် ကုန်ခရေ ဂျန်နဝါရီ ၂၈ ရက်နိက ခမရ (၃၈၀)ကို ရက္ခိုင့်တပ်တော်အပြီး သတ်သိမ်းပိုက်ခပြီးကေ ကျန်နီရေ ခမရ (၃၇၉) နန့် ခမရ (၅၄၁) ကို ဒေနိခါ ရက္ခိုင့်တပ်တော်က အပြီး သတ် သိမ်းပိုက်လိုက်စွာ ဖြစ်ပါရေ။
စစ်ကောင်စီစွာ မင်းပြားဟိ ယင်းလက်ကျန် တပ် ရင်း(၂) ရင်းမကျဆုံးစီဖို့ လီကြောင်း၊ ရီကြောင်း ပစ်ကူတိ အပါအဝင် စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းစွာတိကို အပြင်းအထန် အင်တိုက်အား တိုက် လုပ်ဆောင်ခကေလေ့ နောက်ဆုံးမာ ရက္ခိုင့်တပ်တော် လက်အောက်သို့ ပြားပြားမှောက် ကျရောက်ခရပါရေ။
တပ်ရင်းလိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိ၊ ဌာနဆိုင်ရာအရာဟိတိ အပါအဝင် မိသားစုဝင်တိအားလုံးစွာ ရက္ခိုင့်တပ်တော်ဘားမာ လက်နက်ချ အညံ့ခံခကတ်ပါရေ။
ဒေနိခါ မင်းပြားအပြင် မောင်တောမြို့နယ်က စစ်ကောင်စီ၏ တောင်ပြို (လက်ဝဲ) နယ်ခြားစောင့် တပ်စခန်းကိုပါ ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်လိုက်ပြီးကေ၊ မြောက်ဦး၊ ကျောက်တော် အပါအဝင် ရက္ခိုင်ပြည်က မြို့နယ်တချို့မာလည်း စစ်ကောင်စီနန့် ရက္ခိုင့်တပ်တော်ရို့ကြား တိုက်ပွဲတိဆက်လက်ဖြစ်ပွားနီခရေလို့ သိရပါရေ။