APM၊ ဖေဖော်ဝါရီ ၁၅/၂၀၂၄
ရက္ခိုင်ပြည်၊တောင်ကုတ်မြို့နယ်၊ပေါက်အင်းရွာကို တိုက် ပွဲဖြစ်ပွားခြင်း လုံးဝ မဟိဘဲ အကြမ်းဖက်စစ်ကောင်စီကဖေဖော်ဝါရီ ၁၄ ရက်နိ၊ညဇာ ၅ နာရီ ၃၀ မိနစ်မာ ဂျက်ဖိုက် တာနန့် လာရောက် ဗုံးကြဲတိုက် ခိုက်ခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်း ဗုံးကြဲတိုက်ခိုက်မှုနန့်ပတ်သက်လို့ ညီနောင်(၃) ဖွဲ့က “တောင်ကုတ်မြို့နယ်၊ပေါက်အင်းရွာနားဝန်း ကျင်နီရာများသို့ စစ်ကောင်စီသည် ဂျက်တိုက်လီယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခသည်”လို့ ဖေဖော်ဝါရီ ၁၄ ရက်နိမာ ထုတ်ပြန်ခပါရေ။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ထိခိုက်ပျက်စီးမှု တစုံတရာ မဟိလို့လည်း သိရပါရေ။
ကုန်ခရေ ဖေဖော်ဝါရီ ၈ ရက်နိကလည်း အကြမ်း ဖက်စစ်ကောင်စီစွာ တောင်ကုတ်မြို့နယ်၊ကုလားရောင်ကျွန်းနားက “လေးတောင်ဗွေကျွန်း”ကို ပထမအကြိမ် ဗုံးကြဲတိုက် ခိုက်ခပြီးကေ စက်သီနတ်တိနန့်လည်း ပစ်ခတ်ခကြောင်း သိရပါရေ။