
APM ၊ မေ ၂/၂၀၂၄
ဧပြီ ၃၀ ရက်နိ မာ တောင်ကုတ်မြို့က အရပ်သားပြည်သူ ၃ ယောက်ကို အကြမ်းဖက်စစ်ကောင်စီ မတရားဖမ်းဆီးလားရေလို့ သိရပါရေ။
ဖမ်းဆီးခံရရေ လူတိစွာ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ အောင်သစ္စာလမ်းဟိ ဦးရန်နိုင်ငါး၊ ပုဇွန် ရောင်းဝယ်ရီးဒိုင်က အလုပ်သမားတိဖြစ်တေ ကိုမောင်မြတ်ကို၊ ကိုမောင်ထွီးနန့်ကိုရန်အောင်စိုးရို့ ဖြစ်ကတ်ပါရေ။
ဧပြီ ၃၀ ရက်နိ၊ ညည့် ၁၁ နာရီခွဲအချိန်လောက်မာအကြမ်းဖက်စစ်ကောင်စီ၏ တောင်ကုတ်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၈ ယောက်စွာ ဦးရန်နိုင် ငါး၊ပုဇွန် ရောင်းဝယ်ရီးဒိုင်သို့ ရောက်လာပြီးကေ ကိုမောင်မြတ်ကို၊ ကိုမောင်ထွီးနန့်ကိုရန်အောင်စိုးရို့ကို ဖမ်းယူလားစွာလို့ ဒေသခံတိက ပြောပါရေ။
အကြမ်းဖက်စစ် ကောင်စီတပ် ဖမ်းဆီးလားခ ရေအဆိုပါ အလုပ်သမား ၃ ယောက်စွာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA နန့်တစုံတရာ ဆက်စပ်ပတ်သက်မှုမဟိကြောင်းလည်း စုံစမ်းသိရပါရေ။
