(လက်နက်ချကေတော့ အသက်ချမ်းသာရဖို့၊ မိသာစုနန့်တွိရဖို့ အာမခံရေ လို့ AA ကတိပြု)
APM ၊ ဒီဇမ်ဘာ ၃၀ ၊ ၂၀၂၃
စစ်ကောင်စီတပ်ဖွဲ့ဝင်တိအနီနန့် အသာတကြည် လက်နက်ချအညံ့ခံကတ်ဖို့၊ လက်နက်ချအညံ့ခံကေတော့အသက် ချမ်းသာရဖို့၊ မိသားစုနန့်တွိရဖို့ကို အာမခံကြောင်း ရက္ခိုင့်တပ်တော်က ဒီဇမ်ဘာ ၂၉ ရက်နိမာ ထပ်မံသတိပီးလိုက်ပါရေ။
”လက်နက်ချအညံ့ခံသောသူတိုင်း အသက်ချမ်းသာရာရမည်ဖြစ်ပြီး၊ မိသားစု၊ ဆွေမျိုးများနန့်တွိဆုံခွင့်ရရန်အာမ ခံကြောင်း ထပ်လောင်းအသိပီးအပ်ပါသည်” လို့ AA က ထုတ်ပြန်ထားပါရေ။
ပြီးခရေ နိုဗမ်ဘာ ၁၃ ရက်နိက ကျောက်တော်မြို့နယ် “အပေါက်ဝရဲစခန်း”က စစ်ကောင်စီ၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်(၂၂) ယောက်စလုံးနန့် တခြားနီရာ ၂ ခုကနောက်ထပ်ရဲ ၆ ယောက်ရို့စွာ ရက္ခိုင့်တပ်တော် AA ဘားမာ လက်နက်ချ အညံ့ခံပနာ အလင်းဝင်ခကတ်ပါရေ။
ယင်းနိမာပင် ရက္ခိုင်တပ်တော်က စစ်ကောင်စီတပ်ဖွဲ့ဝင်တိအနီနန့် အသာတကြည် လက်နက်ချ အညံ့ခံကတ်ဖို့ ကနဦး အသိပီခပြီးကေ ဒီဇမ်ဘာ ၂၉ ရက်နိမာလည်း ဒေဂုပိုင် ထပ်လို့သတိပီးလာခစွာပါ။
အာရက္ခမြီမာ ပြီးခရေ နိုဗမ်ဘာ ၁၃ ရက်နိကစလို ရက္ခိုင့်တပ်တော် AA နန့်အကြမ်းဖက်စစ်ကောင်စီတပ်ရို့အကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားနီပြီးကေ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့စွာ စစ်ကောင်စီ၏ယုတ်မာကောက် ကျစ်တေ လုပ်ရပ်တိကို လက်မခံနိုင်ရေနောက်ဆုံး မိမိရို့တပ်စခန်းတိကို စွန့်ခွာထွက်ဗြီးစွာ၊ လက်နက်ချအညံ့ခံအလင်းဝင်စွာ တိတစတစ များပြားလာနီပါရေ။
ရက္ခိုင့်တပ်တော်အနီနန့်လည်း လက်နက်ချ အလင်းဝင်ရောက်ဖို့ နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့တိကို ကြိုဆိုပါကြောင်း၊ လက်နက်ချအညံ့ခံသူတိကိုကောင်းကောင်းမွန်မွန်စောင့်ယှောက်ပီးပနာ မိမိရို့လားလိုရာသို့ အရောက်ပို့ဆောင်ပီးဖို့ဖြစ်တေပိုင် လက်နက်မချ အညံ့မခံသူတိကို ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်ယှင်းလင်းလားဖို့ဖြစ်ကြောင်းလည်း သတိပီးထားပါရေ။