
APM ၊ ဂျုန် ၁၆ / ၂၀၂၄
ဒေနိ(ဂျုန် ၁၆ ရက်နိ) မိုးထစောစောက စစ်ကောင်စီစွာ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ရွာနန့် အပါးဟပ်စပ်နီရာတိကို ဂျက်ဖိုက်တာနန့် ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီးနန့် တရစပ် ပစ်ခတ်ခလို့ ဆရာတော်ကြီးတပါးအပါအဝင် ဒေသခံပြည်သူ ၄ ယောက် ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားရေ ဆရာတော်ကြီးစွာ ကြိမ်ခွေမော်ရွာတောကျောင်းမာ သီတင်းသုံးနီရေ အသျှင် ဝိလာသ(သက်တော် ၉၇ နှစ်) ဖြစ်ပြီးကေ၊ ကျန်လူတိကတော့ ကြိမ်ခွေမော်ရွာက ကိုအကြီးမောင်(၁၇ နှစ်)၊ ဦးလှစိန်(၈၀ နှစ်) နန့် ကြိမ်ခွေမော်ရွာမာ စစ်ဖီးယှောင်နီရေ စစ်တွေမြို့နယ်၊ ကျေးတောပိုက်ဆိပ်ရွာက ဒေါ်ဦးယဉ်စိန်(၃၈ နှစ်) ရို့ဖြစ်ကတ်ပါရေ။
ဒေနိ မိုးထစောစော ၁ နာရီလောက်မာ စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးကနီ ကြိမ်ခွေမော်ရွာကို ဗုံး ၃ လုံးကြဲချရေပိုင်၊ တချိန်တည်းမာပင် စစ်တွေမြို့၊ ပတောမော်ရီတပ်စခန်းကလည်း အတွဲလိုက်ဒုံး ၁၄ လုံး ပစ်ခတ်ခရေလို့ ရွာသားတိက ပြောပါရေ။
ယင်းပစ်ခတ်မှုတိစွာ ကြိမ်ခွေမော်ရွာနန့်ယင်းရွာနားဟိတောကျောင်းပတ်ဝန်းကျင်နီရာတိမာ ကျရောက်ပေါက်ကွဲခပြီးကေ တောကျောင်းမာ
သီတင်းသုံးနီရေ ဆရာတော်ကြီး အသျှင်ဝိလာသ၏ ညာဖက်ပါး၊ ကိုအကြီးမောင်၏ ညာဖက်ခြီသလုံး၊ ဦးလှစိန်၏ ညာဖက်ဒူးဆစ်နန့် ဒေါ်ဦးယဉ်စိန်၏ ညာဖက်လက်မောင်းရို့ မာ ဗုံးစကျလားပြီးကေ ယင်းအထဲ ဆရာတော်ကြီးမာတော့ ဒဏ်ရာပြင်းထန်ရေလို့ ဆိုပါရေ။
ယင်းအပြင် ဆရာတော်ကြီးသီတင်းသုံးနီရေ တောကျောင်းနန့် ကြိမ်ခွေမော်ရွာစာသင်ကျောင်း ပြိုထွက်လားရေပိုင်၊ အပါးဟပ်စပ်က နီအိမ်တချို့လည်း ထိခိုက်ပျက်စီးလားရေလို့ သိဟိရပါရေ။



