APM ၊ ဧပြီ ၂၂ / ၂၀၂၄
ဒေရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့မာ စစ်ရာဇဝတ်ကောင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် အကြမ်းဖက် ဘင်္ဂလီတိ ပူးပေါင်း မီးတိုက်ဖျက်ဆီးလို့ ရက္ခိုင်လူမျိုးရိုပိုင်ဆိုင်ရေ နီအိမ် ၅၀၀၀ လောက် မီးလောင်ပျက်စီးလားပြီးဖြစ်တေလို့ သိရပါရေ။
ယင်း မီးလောင်ပျက်စီးလားရေ လူနီအိမ် ၅၀၀၀ အထဲမာ ရက္ခိုင်လူမျိုးအပြင် ဟိန္ဒူလူမျိုးပိုင် နီအိမ်တချို့လည်း ပါဝင်ကြောင်း သိရပါရေ။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့်အကြမ်းဖက်သင်တန်းဆင်းမူဆလင်တိအပါအဝင် အကြမ်းဖက်ဘင်္ဂလီတိစွာ ဒေဂုရက်ပိုင်းအတွင်းမာ ဘူးသီးတောင်မြို့ထက်ဟိ ရပ်ကွက် (၃)၊(၄)၊ (၅)၊( ၇)စရေ နီရာတိက ရက္ခိုင်လူမျိုးရို့၏ နီအိမ်အားလုံးနီးပါးနန့် ဟိန္ဒူလူမျိုးရို့ပိုင်ဆိုင်ရေ နီအိမ်တချို့ကို မီးတိုက်ဖျက်ဆီးခရေလို့ မျက်မြင် ဒေသခံတိက ပြောပါရေ။
ယင်းသို့ မီးတိုက်ဖျက်ဆီးရာမာလည်း ဘင်္ဂလီလူမျိုးအိမ်နန့်ကပ်နီရေ ရက္ခိုင်အိမ်တိကို မီးမတိုက်ဘဲ၊ ယင်းရက္ခိုင်အိမ်တိကိုပြိုဖျက်ပနာ ပျဉ်၊တိုင်၊ သစ်နန့်တခြားအသုံးဆောင်ပစ္စည်းတိကို ယူဆောင်လားရေလို့ ဆိုပါရေ။
အလားတူ ယင်းအကြမ်းဖက်ဘင်္ဂလီတိစွာ စာသင်ကျောင်း၊ ဆီးရုံ၊ ဆီးခန်းနန့် သာသနိကအဆောက်အအုံတိဖြစ်တေ ဘုန်းကြီးကျောင်းစရေ နီရာတိက သံတန်းခါးတိကိုပါ ဖြုတ်ယူလားရေလိုလည်း သိရပါရေ။
ဘူးသီးတောင် မြို့မာ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်ဘင်္ဂလီတိနန့်အကြမ်းဖက်သင်တန်းဆင်းဘင်္ဂလီတိပူးပေါင်းအင်အား ၁ဝ၀၀ လောက်စွာ မာ့ချ် ၁၉ရက်နိကနီ၂၂ ရက်နိအထိ သုံးရက်အပြင် ဧပြီ ၄ ရက်နိမာပါ ၎င်းရို့အား လူမျိုးတုံးသတ်ဖြတ်ခရေ စစ်ကောင်စီအလိုကျ ဆန္ဒပြပွဲတိ ပြုလုပ်ခရေလို့ သိရပါရေ။
လက်ဟိမာ ဘူးသီးတောင်မြို့၊အေးစေတီဘုန်းကြီးကျောင်းမာ သက်ကြီးရွယ်အိုး ရက္ခိုင်လူမျိုး ၂၀ လောက်ရာကျန်နီပြီး၊ တခြားမြို့ခံတိမာ ထွက်ဗြီးတိမ်းယှောင်လျက်ဟိပါရေ။
ယင်းနည်းတူ ဘူးသီးတောင်မြို့မာ ဟိန္ဒူလူဦးရေစုစုပေါင်း ၃၀၀၀ ကျော်နီထိုင်လျက်ဟိပြီး၊ ယင်းအထဲက တချို့မာ ဘူးသီးတောင်မြို့နယ်၊တောင်မူဇာ ၊ဖုံညိုလိပ်နန့်မောင်တောမြို့နယ်ဖက်သို့ ထွက်ဗြီးတိမ်းယှောင်လျက်ဟိပနာ လက်ဟိ ဘူးသီးတောင်မြို့ထက်မာ ဟိန္ဒူလူမျိုး ၁၀၀ ကျော်လောက်ရာ ကျန်နီရေလို့ သိရပါရေ။
ယင်းအပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့်အကြမ်းဖက် သင်တန်းဆင်းဘင်္ဂလီတိစွာ မြို့ ၊ ရပ်ကွက်အတွင်းဟိ လမ်းလားလမ်းလာ ပြည်သူတိကိုလည်း ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းတိပြုလုပ်လျက်ဟိနီကြောင်း သိဟိပါရေ။