APM၊ ဂျန်နဝါရီ ၂၉/၂၀၂၄
ဒေနိခါ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တန်းထားအနားမာ အခြီချ တပ်စွဲထားရေ အကြမ်းဖက် စစ်ကောင်စီတပ်နန့် ရက္ခိုင့်တပ်တော်ရို့ကြား တိုက်ပွဲဖြစ်ပွားခရေလို့ ညီနောင် မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ဒေနိထုတ်ပြန်ချက်ထဲမာ “ဘူးသီးတောင်မြို့နယ်၊စိုင်းဒင်တန်းထားအနား၌အခြီချတပ်စွဲထားသည့် စစ်ကောင်စီတပ် နန့် ရက္ခိုင့်တပ်တော် (AA) ရို့ကြား ထိတွိတိုက်ပွဲတချို့ ဟိခသည်” လို့ ဖော်ပြထားပါရေ။
အလားတူ ဒေနိအတွင်း မင်းပြားအခြီစိုက် အကြမ်း ဖက် စစ်ကောင်စီတပ် ခမရ(၃၇၉)ကို အပြီးသတ်သိမ်းပိုက်နိုင် ဖို့ ရက္ခိုင့်တပ်တော်က ပြင်းပြင်းထန် ထန် ထိုးစစ်ဆင်နီပါရေ။
အေနိတရက်တည်းမာပင် ရက္ခိုင်ပြည်အတွင်း မြော က်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နန့် ရမ်းဗြဲမြို့နယ်ရို့မာလည်း ရက္ခိုင့်တပ်တော်(AA)နန့် စစ်ကောင်စီရို့ကြား နှစ်ဖက်တိုက်ပွဲတိဆက်ဖြစ်နီရေလို့ ညီနောင်သုံးဖော်က ဆိုပါရေ။
ယင်းအပြင် ရက္ခိုင်ဒေသတွင်း စစ်ရီးအရ သတ်မှတ်ထား ရေ စစ်ကောင် စီ၏တပ်မဌာနချုပ်နန့်အထိုင်ချစခန်းကုန်း တိကို ရက္ခိုင့်တပ်တော်က အပြီးသတ် သိမ်းပိုက်ဖို့ ဆက် လက် ကြိုးပမ်းဆောင်ရွက်နီရေလို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။