
APM၊ ဂျန်နဝါရီ ၃၀/၂၀၂၄
စစ်ကောင်စီ၏ စကခ(၉) လက်အောက်ခံ ကျောက်တော်အခြီစိုက် ခမရ(၃၇၄)တပ်ရင်းကို ဒေနိ ဂျန်နဝါရီ ၃၀ ရက်နိမာအပြီးသတ် သိမ်းပိုက်လိုက်ကြောင်းရက္ခိုင့်တပ်တော် က သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ”မိမိရို့သိမ်း ပိုက်ရန် ကျန်ဟိနီသိမ့်သော စစ်ကောင်စီ၏ ဒေသအခြီစိုက်တပ်ရင်းများထဲမှ စကခ (၉) လက်အော က်ခံ၊ ကျောက်တော်အခြီစိုက် ခမရ(၃၇၄)တပ်ရင်း တခုလုံးအား ရက္ခိုင့်တပ်တော်က ဒေနိ ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီလ (၃၀) ရက်နိတွင် စစ်ကောင်စီ၏ လီကြောင်းမှ တရက်လုံး တောက်လျှောက် အဆက်မ ပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နီသည့်ကြားမှအပြီးသတ် သိမ်းပိုက်ရယူနိုင်ခပြီးဖြစ်သည်” လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ကျောက်တော်၊မြောက်ဦး၊မင်းပြားမြို့တိက ကျန်ရေ အကြမ်းဖက်စစ်ကောင်စီ၏တပ်ရင်းတိကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရီးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နီကြောင်း ရက္ခိုင့်တပ်တော်က ဖော်ပြပါရေ။
အားလုံးသော စခန်းတိကိုလည်း မကြာခင် အပြီး သတ်သိမ်းပိုက်ရယူနိုင်ဖို့ အပြည့်အဝယုံကြည်ပြီး၊ လက်ဟိမာလည်း ရက္ခိုင့်တပ်တော်ဖက်က အခြေအနီ ကောင်းနီကြောင်း ဆိုပါရေ။
အာရက္ခပြည်သူများကို နှစ်ပေါင်းများစွာကြာအောင်ဒုက္ခပီးနီခရေ စစ်ကောင်စီ၏ တပ်စခန်းတိုင်း နန့် လက်နက်ချ အညံ့မခံဘဲ ပြည်သူရို့ကို ဒုက္ခပီးနီရေ ကျန် စခန်းတိုင်းကို တခန်းမကျန်ရအောင် ဆက် လက် ထိုးစစ်ဆင် တိုက်ခိုက်လားဖို့လို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်ထဲမာ ဖော်ပြထားပါရေ။
သတင်းဓါတ်ပုံ – ရက္ခိုင့်တပ်တော်မှအပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိသော မင်းပြားမြို့အခြီစိုက် စကခ(၉)လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ ရက္ခိုင့်တပ်တော် လောလောလတ်လတ် သိမ်းဆည်း ရဟိထားသော လက်နက်ခဲယမ်းမီးကျောက်များနန့် စစ်အသုံး အဆောင် ပစ္စည်းအချို့



