APM၊ ဂျုန် ၁၁ /၂၀၂၄
အာရက္ခဒေသအတွင်း စစ်ရီးအထိနာနီလို့ ယှုးမဲမဲပနာ မိုက်ရူးရဲဆန်နီရေ ဖက်ဆစ် စစ်ကောင်စီစွာ အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာတိနန့် လက်ဟိ တိုက်ပွဲတိပြင်းထန်နီရေမောင်တော၊ အမ်း၊ သံတွဲ စရေ မြို့နယ်တိနန့်အပါးဟပ်စပ်ရပ်ရွာတိဟိ အရပ်သားပြည်သူလူထုနီထိုင်ရာ မြို့၊ ရပ်ရွာတိ၊ ဆီးရုံဆီးခန်း၊ စျီး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနန့်အရပ်သားပြည်သူ လားလာလှုပ်ယှားရာ နီရာတိကို ပစ်မှတ်ထားလို ရီကြောင်း၊ လက်နက်ကြီး၊ လီကြောင်းပစ်ခတ်တိုက်ခိုက်မှုတိကို တရက်ထက်တရက် ပိုလုပ်လာနီကြောင်း အာရက္ခတပ်တော်က ဒေနိ ဂျုန် ၁၁ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
ယင်းထုတ်ပြန်ချက်မာ “၂၀၂၄ ခုနှစ်၊ ဂျုန်လ (၄/၅) ရက်တိမာလည်း အရပ်သား ပြည်သူရို့နီထိုင်ရာ သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို ဖက်ဆစ် စစ်ကောင်စီစွာ လီကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတိ ပြုလုပ်ခလို့အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သီဆုံးခပြီးကေ ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရးယှုးခပါကြောင်း” ဖော်ပြထားပါရေ။
၂၀၂၄ ခုနှစ်၊ ဂျုန်လ (၁၁) ရက်၊ မိုးထ (၉) နာရီနန့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်မာ ဖက်ဆစ် စစ်ကောင်စီ၏ Y12 လီယာဉ်စွာ ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းရွာ ဘုန်းကြီးကျောင်းအနားဝန်းကျင်၊ မနော်သီရိရွာနန့် လက်ပံပြားရွာရို့ကို လီကြောင်းက ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခရေပိုင် ဒရုန်းတိနန့်လည်း ဗုံးကြဲတိုက်ခိုက်ခရေလို့ ဆိုပါရေ။
အထက်ဖော်ပြပါနီရာတိသို့ ရန်သူ့ ဒရော့ဗုံး (၁၃) ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခပြီးကေ ယင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၆) ဦးနန့် အမျိုးသား (၄) ဦးစွာ အကြီးစား၊ အလတ်စား၊ အငယ်စား ထိခိုက်ဒဏ်ရာရဟိမှုတိဟိခပြီးကေ နီအိမ်တချို့လည်း ပျက်စီးဆုံးယှုံးခရေလို့ ဖော်ပြထားပါရေ။
၂၀၂၄ ခုနှစ်၊ ဂျုန်န်လ (၁၁) ရက်၊ ပေါက်တောမြို့နယ် လီကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း-
(၁) ပေါက်တောမြို့၊ ရပ်ကွက် (၁) က ဦးညီညီအောင် (၃၇နှစ်)နန့် ဦးနေဝင်း (၃၈ နှစ်)၊
(၂) ပေါက်တောမြို့နယ်၊ သဝင်ချောင်းရွာ ဘုန်းကြီးကျောင်းအနားဝန်းကျင်က ဒေါ်နှင်းချေ (၃၈ နှစ်)၊ ဒေါ်အေးကျော့စိန် (၅၃နှစ်) နန့် ဦးအောင်ကျော်စိုး (၄၅ နှစ်)၊
(၃) ပေါက်တောမြို့နယ်၊ လက်ပံပြားရွာက မချေယဉ်သန်း (၁၆နှစ်)၊ ဒေါ်နုအေး (၃၀နှစ်)၊ ဒေါ်ဇနီးမယ် (၅၀) နှစ်၊ ဒေါ်ဦးမေသန်း (၅၇နှစ်) နန့် ဦးလှမောင်သန်း (၂၈နှစ်) ရို့စွာ အလတ်စား၊ အငယ်စား ထိခိုက် ဒဏ်ရာအသီးသီး ရဟိခပြီးကေ ပေါက်တော၊ မြို့ပေါ်ရပ်ကွက် (၁)က ဦးညီညီအောင်မာ အပြင်းစား ထိခိုက် ဒဏ်ရာတိ ရလားကြောင်းလည်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်မာ ထည့်သွင်းဖော်ပြထားပါရေ။