APM ၊ ဂျုန် ၁၁/ ၂၀၂၄
ဂျုန် ၁၀ ရက်နိ၊ မိုးထမာ မောင်တောမြို့နယ်က အရပ်သားပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးလားရေလို့ သိရပါရေ။
ဖမ်းဆီးခံရလူတိကတော့ မောင်တောမြို့၊ မြို့မမြောက်ရပ်ကွက်၊ ဝိမလရွာက ကိုဇီးကွက်ချေ( ၂၀ နှစ်)၊ ကိုကွမ်းသီး( ၃၅ နှစ်)၊ ကိုညီချေ (၂၅ နှစ်)၊ ကိုနိုင်နိုင်ဇော်( ၂၇ နှစ်)နန့် ဦးအဝင်းချေ (၄၂ နှစ်)ရို့ဖြစ်ပါရေ။
ဂျုန် ၁၀ ရက်နိ မိုးထ ၁၀ နာရီလောက်မာ မောင်တောမြို့၊ မြို့သူကြီးအခြီစိုက်၊ နခခ(၅)တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ လောက်စွာ ဝိမလရွာ ထဲသို့ ဝင်လာပြီးကေ သူရို့ ၅ ယောက်ကို မတရားဖမ်းဆီးလားရေလို့ ဒေသခံတိက APM ကိုပြောပါရေ။
လက်ဟိ စစ်ကောင်စီဖမ်းဆီးလားရေ ကိုဇီးကွက်ချေအပါအဝင် အဆိုပါ ဒေသခံ ၅ ယောက်မာ မိသားစုနန့် အဆက်အသွယ်မရပိုင် ဇာနီရာမာချုပ်နှောင်ထားကြောင်းမသိရသိမ့်ရေအတွက် မိသားစုဝင်တိ စိုးရိမ်နီကြောင်း သိရပါရေ။