APM၊ ဖေဖော်ဝါရီ ၁၀/၂၀၂၄
တရုတ်နှစ်သစ်ကူးအချိန်ကာလ ကိုးကန့်လူမျိုးများ အိမ်ပြန်ခရီးအတိုင်းအတာတခုထိပြည့်စုံပြီးမြောက်ခြင်းနှင့် ပတ်သက်လို့ညီနောက်မဟာမိတ်(၃)ဖွဲ့ထဲကနှစ်ဖွဲ့ဖြစ်တေ တအာင်း PSLF/TNLA နန့် ရက္ခိုင် ULA/AA ရို့က ကိုးကန့်အဖွဲ့အစည်း ၏အောင်မြင်မှုအတွက် ဖေဖော်ဝါရီ ၉ ရက်နိမာဂုဏ်ပြုသဝဏ်လွှာ ပီးပို့ခကတ်ပါရေ။
အဆိုပါ ဂုဏ်ပြုသဝဏ်လွှာမာ “မိမိရို့ညီနောင်မဟာမိတ် (၃)ဖွဲ့သည် တူညီသောအခြေအနီတခုအောက် စုဖွဲ့မိ ကတ်သော လူမျိုးကိုယ်စားပြု တော်လှန်ရီးအဖွဲစည်းများ ဖြစ်ကတ်ပြီးတူညီသော ဘုံရည်မှန်းချက်၊ တဖွဲ့ချင်းစီ၏ စစ်ရီး၊နိုင်ငံရီးရည်မှန်းချက်များကိုအကောင် အထည်ဖော်ရန်စုဖွဲထားသည့် တော်လှန်ရီး လက်နက်ကိုင်အဖွဲ့စည်း များဖြစ်ပါကြောင်း၊ ဆယ်စုနှစ် တခုနီးပါးကာလကို တတူဖြတ်ကျော်ကာ စစ်ရီး၊ နိုင်ငံရီးလောကဓံ အထုထောင်း များကို အတူတူ လက်တွဲ ရင်ဆိုင်ခကတ်ကြောင်း၊မြန်မာနိုင်ငံ၏”စစ်ရီးမဟာမိတ်” သမိုင်း၌ မိမိရို့ညီနောင် မဟာမိတ်(၃)ဖွဲ့၏စွမ်းဆောင်ရည်ကို အကောင်းဆုံးပြသနိုင်ခပြီး အခြားသောတော်လှန်ရီးအဖွဲ့ စည်းများအတွက် လည်း စံပြဖြစ်ခပါကြောင်း၊အထူးသဖြင့် မိမိရို့၏စုစည်းညီညွတ်မှု၊ လတ်တလော ရဟိထားသော ၁၀၂၇ စစ်ဆင် ရီး၏အောင်မြင်မှုအပြင် စစ်မြီပြင်တွင် အသက်၊သွီး၊ချွေး မြောက်များစွာဖြင့် သက်သီပြကာညီနောင်မဟာမိတ် စိတ်ဓာတ်၊စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကို ပြသနိုင်ခကြောင်း” ဖော်ပြထားပါရေ။
“ကိုးကန့်လူမျိုးများ ကိုးကန့်ဒေသ ပြန်လည်ရဟိရီး”သည် MNTJP/MNDAA နန့် ကိုးကန့်လူမျိုးရို့အတွက် အဓိက ရည်မှန်းချက်ဖြစ်ပြီး၊ ဒေဂုခါ ယင်းရည်မှန်းချက်မာ အလုံးစုံ မဟုတ်သည့်တိုင် အတိုင်းအတာတခုထိ ပြည့်မြောက် ခပြီး ဖြစ်သဖြင့် ကိုးကန့်အိမ်ပြန်ခရီး၌ မိမိရို့ညီနောင်မဟာမိတ် (၂)ဖွဲအနီနန့် ညီနောင်မဟာမိတ်ပီသစွာ စစ်မြီပြင် တိုင်းကို တတူ ဖြတ်ကျော်ခကတ်ပြီးကေ MNTJP/MNDAA ၏ မူလဘူတဇာတိမြီသို အရောက်လိုက်ပါပို့ဆောင် ပီးနိုင်ခကတ်၍ မိမိရို့တအာင်း PSLF/TNLAနန့် ရက္ခိုင် ULA/AA ရို့က များစွာဂုဏ်ယူပါကြောင်း ဂုဏ်ပြုသဝဏ် လွှာထဲမာ ဖော်ပြထားပါရေ။
ယင်းအပြင် “ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် ၁၀၂၇ စစ်ဆင်ရီး၏ အောင်ပွဲအသီးအပွင့်များကို အတူတူ ခံစားခွင့်ရခပိုင် ၁၀၂၇စစ်ဆင်ရီအောင်ပွဲ၌ညီနောင်မဟာမိတ် (၃) ဖွဲ့ အခရာကျသည့်နည်းတူ အခြားသော တော်လှန်ရီးအဖွဲ့အစည်းများ၏ စစ်ရီးအရ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း၊ ပါဝင်ခကတ်သော အဖွဲ့စည်း၊ လူပုဂ္ဂိုလ်တယောက်ချင်းစီတိုင်းကို များစွာကျေးဇူးတင်ဟိပြီး အလေးနက် ဂုဏ်ပြုအပ်ပါကြောင်း၊ ကိုးကန့်အိမ်ပြန်ခရီးတွင် အသက်၊သွီး၊ချွေး၊ဘဝ၊ခန္ဓာရိုပီးဆပ်စွန့်လွတ်ခသူများအားလုံးကိုလည်း လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း” ညီနောင်နှစ်ဖွဲ့က ဆိုပါရေ။
အလားတူ “ကိုးကန့်လူမျိုးများကိုးကန့်ဒေသသို့ ချောမွိစွာ ပြန်လည်ရောက်ဟိလာသည့် ဒေဂုအချိန်သည် တရုတ်နှစ် သစ်ကူးကာလနန့် တိုက်ဆိုင်နီသည့်အလျောက် ကိုးကန့် အိမ်ပြန်ချိန်ခရီးတွင် အတူတကွပါဝင်ခကတ် သော တော်လှန်ရီးအဖွဲ့အစည်း များအားလုံးနန့် အတူတကွ ဆင်နွဲခွင့်ရသည့် ဤမင်္ဂလာဟိသောနိရက်၌ မိမိရို့ ညီနောင်မဟာ မိတ် (၃)ဖွဲ့သည် မြန်မာပြည်သူလူထု တရပ်လုံးနန့်အတူ တကွဆက်လက်ရပ်တည်နီမည် ဖြစ်ကြောင်းဖော်ပြလျက် ကိုးကန့်အဖွဲအစည်း၏ အောက်မြင်မှုအတွက် ဤဂုဏ်ပြု သဝဏ်လွှာကို ပီးပို့အပ်ပါ သည်” လို့လည်း PSLF/TNLA နန့် ULA/AA ရို့၏ ဂုဏ်ပြုသဝဏ်လွှာမာ ဖော်ပြထားပါရေ။