APM၊ ဖေဖော်ဝါရီ ၁၂/၂၀၂၄
မင်းပြားကို ဒေနိ ဖေဖော်ဝါရီ ၁၂ ရက်နိ၊ ညဇာပိုင်းမာ အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် ပစ်ခတ် တိုက်ခိုက်လို့ တုတ်ပင်လယ်ရွာက အပြစ်မဲ့အာရက္ခပြည်သူ ၄ ယောက် ပြင်းထန်ဒဏ်ရာ ရလားခကြောင်း သိရပါရေ။
ဒဏ်ရာရလားလူတိကတော့ မင်းပြားမြို့နယ်၊ တုတ်ပင်လယ်ရွာက ကိုအောင်စိုးမင်း(၂၈နှစ်)၊ ဦးမောင်ကျန်ရစ် (၅၂နှစ်)၊ ဦးသိန်းထွန်းလှ (၃၉နှစ်) နန့် ဦးသန်းရွှမောင် (၄၀နှစ်)ရို့ ဖြစ်ကတ်ပါရေ။
ဒေနိဖေဖော်ဝါရီ ၁၂ရက်နိ၊ညဇာ ၃ နာရီ ၃၀မိနစ်မာ တုတ်ပင်လယ်ရွာသား ယင်း ၄ ယောက်စွာ တုတ်တုတ်ချေ နန့်လားနီရေခါ မင်းပြား-စွန်ရဲ လမ်းမထက် ပုလဲပေါက်ရွာနားသို့အရောက် စစ်ကောင်စီက ဂျက်ဖိုက်တာနန့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကိုအောင်စိုးမင်းမာ ဘယ်ဖက်ပါး၊ ဦးမောင်ကျန်ရစ်မာ ခြီသလုံးနန့်လက်မောင်း၊ ဦးသိန်း ထွန်းလှမာ ခန္ဓာကိုယ်၊ ဦးသန်းရွှီမောင်မာ ခြီထောက်နှစ်ဖက်နန့် ခန္ဓာအနှံ့ ကျည်စထိမှန်ပနာ ဒဏ်ရာရ လား ခရေလို့ ဒေသခံတိက ပြောပါရေ။
ယင်း ၄ ယောက်အနက်က ကိုအောင်စိုးမင်း နန့်ဦးသန်းရွှီမောင်ရို့စွာ ဒဏ်ရာပြင်းရေလို့ သိရပြီးကေ၊ ဒဏ်ရာ ရ လူတိစွာ အရေးပေါ်ဆီကုသမှု ခံယူနီရေလို့လည်း သိဟိရပါရေ။