APM၊ ဖေဖော်ဝါရီ ၂၀/၂၀၂၄
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ဟိ စစ်ကောင်စီ၏ “စီခမ်းကြီးစခန်း” ကို ဖေဖော်ဝါရီလ ၁၉ ရက်နိ၊ ညဇာ ၅ နာရီ ၄၅ မိနစ်အချိန်မာ ရက္ခိုင့်တပ်တော်AA၊ မဟာမိတ် ကချင်လွတ်လပ်ရီးတပ်မတော် KIA နန့် ဒေသခံ မိတ်ဖက်တော်လှန်ရီးအဖွဲ့ရို့က အပြီးပြတ်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ပါရေ။
ညီနောင်မဟာမိတ်(၃)ဖွဲ့၏ စစ်ရီးသတင်းထုတ်ပြန်ချက်ထဲမာ “မဟာမိတ် ကချင်လွတ်လပ်ရီးတပ်မတော် KIAနန့် ရက္ခိုင့်တပ်တော်ရို့အပါအဝင်တခြားသော ဒေသခံ မိတ်ဖက်တော်လှန်ရီးအဖွဲ့ရို့က ဖေဖော်ဝါရီလ (၁၇) ရက်နိ၊ မိုးထ(၅) နာရီခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခသည့် ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ဟိ စစ်ကောင်စီ၏ “စီခမ်းကြီးစခန်း”အား ထိုးစစ်ဆင်တိုက်ခိုက်ခပြီး ၃ ရက်ခန့်အကြာ ဖေဖော်ဝါရီလ(၁၉)ရက်နိ၊ညဇာ (၅) နာရီ (၄၅) မိနစ်တွင် အပြီးသတ် သိမ်းပိုက်ရဟိခသည်”လို့ ဖော်ပြထားပါရေ။
စစ်ကောင်စီ၏ “မဆုတ်တမ်းခံစစ်”လို့သတ်မှတ်ထားရေ စစ်စခန်းတိအထဲကတခုဖြစ်တေ စီခမ်းကြီးစခန်းကို ရန် သူ၏ မရပ်မနား၊ အဆက်မပြတ် လီကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲက မဟာ မိတ်စုပေါင်းတပ်ဖွဲ့စွာ ခက်ခက်ခဲခဲထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခရေလို့ ညီနောင်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ရန်သူ စစ်ကောင်စီစွာ ရပ်ရွာတိအတွင်းက လူနီအိမ်တိ၊ ဘုန်းကြီးကျောင်းတိကို အကာအကွယ်ယူပနာ တိုက်ခိုက် ခကေလေ့ မဟာမိတ် စုပေါင်းတပ်ဖွဲ့၏ ထိုးစစ်ကို ခုခံဖို့ အခွင့်မရခဘဲစခန်းလက်လွှတ်ခရပိုင် မဟာမိတ်စုပေါင်း တပ်ဖွဲ့၏ ဗျူဟာမြောက်ထိုးစစ်ကြောင့်လည်း စခန်းကိုစွန့်လွှတ်ခရစွာဖြစ်တေလို့ ဆိုပါရေ။
ယင်းအပြင် ယင်းထိုးစစ် အောင်ပွဲအတွင်း စစ်ကောင်စီထံမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်း ဆည်း ရမိခပိုင် တိုက်ပွဲအတွင်း အသက်ပီးဆပ်စွန်လွှတ်ခရရေ စစ်သည်တော်ရို့နန့် ထူးချွန်ပြောင်မြောက်စွာ တိုက် ပွဲဝင်နိုင်ခရေ တပ်ဖွဲ့ဝင်ရို့အားလုံးကို လေးနက်စွာဂုဏ်ပြုအပ်ပါကြောင်းလည်း ညီနောင်(၃)ဖွဲ့၏ ထုတ်ပြန်ချက် ထဲမာ အလေးအနက် ထည့်သွင်း ဖော်ပြထားပါရေ။