
APM၊ ဂျန်နဝါရီ ၂၁/၂၀၂၄
ရက္ခိုင်ပြည် ပေါက်တော၊မင်းပြားအပါအဝင် မြို့နယ် ၆ ခုမာ တိုက်ပွဲတိ ဆက်ဖြစ်လျက်ဟိပြီး၊ယင်းအနက်က မြို့ နယ် ၄ ခုမာ တိုက်ပွဲတိ ပြင်းထန်နီကြောင်း ညီနောင်မဟာ မိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၂၀ ရက်နိ၊ ညည့် ၁၁ နာရီ မိနစ်၅၀ မာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီနန့် ရက္ခိုင့်တပ်တော်(AA)ရို့ကြား ထိတွိတိုက်ပွဲများမာ ရက္ခိုင်ပြည်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင် နန့် ရမ်းဗြဲမြို့နယ်များ၌ မရပ်မနား ဆက် လက်ဟိနီခပြီး တချို့မြို့ များတွင် တိုက်ပွဲများ ပြင်းထန်နီသည်” လို့ ဖော်ပြထားပါရေ။
ယေပြီးကေ ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ ခမရတပ်ရင်းတိဖြစ်တေ မြောက်ဦးအခြီစိုက် “(၃၇၇)၊ (၃၇၈) နန့် (၅၄၀)”၊ မင်းပြားအခြီစိုက် “(၃၇၉)၊(၃၈၀)နန့် (၅၄၁)”၊ ကျောက်တော်အခြီစိုက် “(၃၇၄)၊(၃၇၅)နန့် (၃၇၆)”၊ ရသေ့တောင်အခြီစိုက် “(၅၃၆)၊ (၅၃၇)နှင့် (၅၃၈)” တပ်ရင်းနီရာ
တိမာ ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီရို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီရေလို့ ဆိုပါရေ။
ယင်းတပ်စခန်းတိအထဲက တချို့ကို ရက္ခိုင့်တပ်တော်က ရန်သူ၏ အပြင်းအထန် ခုခံကာကွယ်နီရေကြားက သိမ်း ပိုက်ထားပြီးသားဖြစ်တေပိုင် လက်နက်ချ အညံ့မခံသိမ့်ဘဲ ဆက်လက် တိုက်ခိုက်နီသိမ့်ရေ ရန်သူ့တပ်ရင်းတိကို လည်း ဆက်လက် ခြီမှုန်းတိုက်ခိုက်လျက် ဟိနီပါရေ။
အလားတူ ရက္ခိုင်ပြည်၊ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်း၊ အောင်သာစည်ရွာနားက စစ်ကောင်စီအခြီစိုက်တပ်စခန်းနန့်ထီးစွဲရွာနားကရန်သူ့အခြီစိုက်တပ်စခန်း နှစ်ခုကိုလည်းရက္ခိုင့်တပ်တော်(AA)က ကုန်ခရေရက်ပိုင်း အတွင်း အပြီးသတ် သိမ်းပိုက်ရယူထားပြီး ဖြစ်ပါရေ။
ယင်းအပြင် ရက္ခိုင်ပြည်၊ပေါက်တောနှန့် မင်းပြားမြို့နယ်မာ ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီကြား မြိုတွင်းတိုက်ပွဲတိ နိစဉ်နီးပါး ပုံမှန် ဖြစ်ပွားလို့ ဟိနီပါရေ။
ယင်းမြို့တွင်းတိုက်ပွဲတိမာ စစ်ကောင်စီဖက်က တိုက်ပွဲဖြစ်ပွားရေနီရာတိကိုသာမက တိုက်ပွဲဖြစ်ပွားခြင်းမဟိရေအရပ်သားပြည်သူရို့နီထိုင်ရာရပ်ရွာတိကို လက်နက်ကြီး၊လီကြောင်းနန့်ရီကြောင်းကပါ အပြင်းအထန်ပစ်ခတ်နီရေ လို့ ညီနောင်သုံးဖော်က ဆိုထားပါရေ။
ယင်းနည်းတူ အမ်းမြို့အတွင်းမာလည်း စစ်ကောင်စီ၏ လီကြောင်း၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတိက နိစဉ်ရက်ဆက်ဟိနီရေလို့လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ဂျန်နဝါရီ ၂၀ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
