
APM၊ဒီဇမ်ဘာ ၃၀/၂၀၂၃
နယ်ချဲ့ အကြမ်းဖက်စစ်ကောင်စီက ရက္ခိုင်ရို့၏ အသည်းနှလုံးရှေးဟောင်းမြို့တော်၊ ရှေးဟောင်းယဉ် ကျေးမှုအမွီ အနှစ်ရို့ကို ယုတ်မာကောက်ကျစ်စွာဖျက်စီးခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်က ဒီဇမ်ဘာ ၂၉ ရက်နိမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ” နယ်ချဲ့အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီမှ အာက္ခပြည်သူရို့နီထိုင်ရာ ရပ်ရွာတိကို မီးလောင်တိုက်သွင်းလျက် မိမိရို့ပြည်သူလူထုများအပေါ် လူမဆန်စွာ ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ရက္ခိုင်ရို့၏ အသည်းနှလုံးရှေးဟောင်းမြို့တော်၊ ရှေးဟောင်းယဉ်ကျေးမှုအမွီအနှစ်များအား ယုတ်မာကောက်ကျစ်စွာ ဖျက်ဆီးမှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း” ဖော်ပြထားပါရေ။
ယင်းအပြင် ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက်အနီနန့် နယ်ချဲ့အကြမ်းဖက်စစ်ကောင်စီ၏ ဒေလုပ်ရပ်တိကို ဇာခါလည်းသင့် မိပျောက်လားဖို့မဟုတ်ဘဲ မဖြစ်မနီပီးဆပ်ရဖို့ သမိုင်းကြွီးအဖြစ် အခိုင်အမာ သတ်မှတ်ပနာ ဟိဟိသမျှအင်အား နည်းလမ်းတိနန့် နယ်ချဲ့အကြမ်းဖက်စစ်ကောင်စီကို အာရက္ခတိုင်းပြည်က အပြီးအပြတ် မောင်းထုတ်တိုက်ထုတ်လားဖို့လို့လည်း ဆိုပါရေ။
ယင်းအပြင် နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီ၏ ဒေဂုလုပ်ရပ်စွာ ရက္ခိုင်လူမျိုးရို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွီအနှစ်ရို့ကို ကမ္ဘာ့အမွီအနှစ်စာရင်း မဝင်စီဖို့ ရည်ရွယ်ချက်ဟိဟိ တမင်တကာအောက်တန်းကျစွာ လုပ်ဆောင်ခခြင်းဖြစ်ပြီးကေ၊ ရက္ခိုင်သမိုင်းနန့် ရက္ခိုင်လူမျိုးဖြစ်တည်မှု၊ ကိုယ်ပိုင်လက္ခဏာတိကိုဖျက်ဆီးဖို့ လူမျိုးရီးအမုန်းတရားနန့် ကြိုတင်ကြံရွယ်စီစဉ်ပနာ ပစ်ခတ်တိုက်ခိုက်စွာဖြစ်လို့ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတိအနီနန့်လည်း အကြမ်းဖက်စစ်ကောင်စီကို စစ်ရာဇဝတ်မှု (War Crime)၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇတ်ဝတ်မှု(Genocide)၊ ကမ္ဘာ့ယဉ်ကျေးမှုအမွီအနှစ်တိအပေါ်ကျူးလွန်ရေ ရာဇဝတ်မှု( Heritage Crime)၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်နီရေ ရာဇဝတ်မှု (Crime Against Humanity)တိနန့် ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပီးနိုင်ရီး ဝိုင်းဝန်းလုပ်ဆောင်ပီးကတ်ဖို့ကိုလည်း ကမ္ဘာ့လုံးဆိုင်ရာအာရက္ခအမျိုးသား ကွန်ရက်က တိုက်တွန်းတောင်းဆိုထားပါရေ။
ဒီဇမ်ဘာ ၂၅ ရက်နိ၊ မိုးထ ၅ နာရီ ၃၀ မိနစ်က မြောက်ဦးမြို့မာ နယ်ချဲ့အကြမ်းဖက် စစ်ကောင်စီတပ်ရင်းတိဖြစ်ကတ်တေ ခမရ(၅၄၀)၊ခမရ (၃၇၇)တပ်ရင်းတိနန့် အမှတ်(၃၁)ရဲတပ်ရင်းတိက မြောက်ဦးယဉ်ကျေးမှု အမွီ အနှစ်ဒေသဟိ ရှေးဟောင်း အမွီအနှစ်တိပျက်စီးစီဖို့ တမင်ရည်ရွယ်ချက်လျက်လက်နက်ကြီးတိနန့် ယမ်းကား ပစ်ခတ်တိုက်ခိုက်ခလို့ မြောက်ဦးမြို့ရှေးဟောင်း သုတေသနပြတိုက်အပါအဝင် ရှေးဟောင်း သမိုင်းဝင် သာသနိက အဆောက်အအုံတိ၊ယဉ်ကျေးမှုသမိုင်းအမွိအနှစ်တိ များစွာ ပျက်ဆီးဆုံးယှုံးခရပါရေ။
မြောက်ဦးယဉ်ကျေးမှုအမွီအနှစ်ဒေသစွာ ကမ္ဘာ့အမွီအနှစ်(World Heritage )စာရင်းဝင်ဖို့ အဆိုပြုတင်သွင်းထားရေ နီရာဖြစ်တေပိုင်၊ ရက္ခိုင်လူမျိုးရို့၏ သမိုင်းအစဉ်အလာကြီးကျယ်မြင့်မြတ်မှု၊ ရက္ခိုင်မင်းဆက်ရို့၏ ထီးနန်းဓလိတိ၊ ရက္ခိုင့်စာပီ၊ ရက္ခိုင့်ယဉ်ကျေးမှုအမွီအနှစ်တိနန့် ရက္ခိုင့်သမိုင်းအတွက် အရေးပါရေရက္ခိုင့်ပြည်၏ မြို့တော်၊ အာရက္ခနိုင်ငံတော်၏ နောက်ဆုံးနန်းမြို့တော်ဖြစ်ပြီးကေ ယင်းဒေသကို နယ်ချဲ့အကြမ်း ဖက်စစ်ကောင်စီ၏ လူမဆန် ရေလုပ်ရပ်တိနန့် တိုက်ခိုက်ဖျက်ဆီးလိုက်ခြင်းစွာ ရက္ခိုင်သမိုင်းနန့် ရက္ခိုင် လူမျိုးဖြစ် တည်မှု၊ ကိုယ်ပိုင်လက္ခဏာတိကိုပါ လူမျိုးရီးအမုန်းတရားနန့် ရည်ရွယ်ချက်ဟိဟိ တမင်တကာ ဖျက်ဆီးလိုက်စွာလို့ ဖော်ပြထားပါရေ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နိကစလို့ တိုင်းပြည်အာဏာကို မတရားသိမ်းယူခရေ စစ်ကောင်စီစွာ တိုင်းရင်းသား ပြည်သူလူ ထုတ ရပ်လုံး၏ နည်းမျိုးစုံနန့် ဆန့်ကျင်တော်လှန်တိုက်ခိုက်ခြင်းကို မရူမလှ ပြင်းပြင်းထန်ထန်ရင် ဆိုင်နီခရပြီး၊ နိုင်ငံရီး၊စစ်ရီး၊ သံတမံရေးရို့မာလည်း အဖတ်ဆယ်မရအောင် အဖက်ဖက်က ပြိုလဲကျပနာ အရူးမီးဝိုင်းဖြစ်လျက် ဟိနီရေလို့ ဆိုပါရေ။
ရက်စက်ယုတ်မာ အောက်တန်းကျရေ စစ်ရာဇဝတ်ကောင် အာဏာသိမ်းဖက်ဆစ်စစ်ကောင်စီတပ်စွာ အယှုံးနန့် ဆိုးဝါးစွာ ရင်ဆိုင်လာရရေအခါ အယင်က၎င်းရို့ယင်းသုံးနီကျ ဝသီအတိုင်း အခြားတိုင်းရင်း သားပြည်သူလူထုတိနည်းတူ ရက္ခိုင်ပြည်သူလူထုကိုလည်းရက်ရက်စက်စက် ဖမ်းဆီး၊နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ ရပ်ရွာတိကို မီးတိုက်ဖျက်စီးခြင်းအပြင် အာရက္ခပြည်သူရို့ အသက်တမျှတန်ဖိုးထားကတ်တေ ရှေးဟောင်းသုတေသနရုပ်ဝတ္ထုတိ၊ သမိုင်းအမွီအနှစ်တိ၊ ရှေးဟောင်းအစဉ်အလာ အနုလက်ရာတိအပါအဝင် ရက္ခိုင်ရို့၏ ဒြပ်ရှိ၊ဒြပ်မဲ့ ယဉ်ကျေးမှုအမွီများစွာရို့ကို ရည်ရွယ်ချက်ဟိဟိ ဖျက်ဆီးလျက် စစ်ရာဇဝတ်မှုတိကို ပြောင်ပြောင်တင်းတင်း ကျုးလွန်လာခစွာလို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။




