
APM ၊ ဒီဇမ်ဘာ ၆ /၂၀၂၃
ဒေနိ (ဒီဇမ်ဘာ ၆ ရက်နိ) မိုးထက မင်းပြားမြို့၊ တောင်မော်ဦးမာတပ်စွဲထားရေ အကြမ်းဖက်စစ်ကောင်စီတပ်က သီနတ်နန့်လှမ်းပစ်လို့ ပေါက်တောဒေသခံတယောက် ဂွင်တိုင်း သီဆုံးလားကြောင်း သိရပါရေ။
သီဆုံးလားရေလူစွာ ပေါက်တောမြို့နယ်၊ ဖဒူရွာက ဦးမောင်ထွန်းလှိုင်(၄၂ နှစ်)ဖြစ်ပါရေ။
ဦးမောင်ထွန်းလှိုင်စွာ ဒေနိ မိုးထ ၁ဝ နာရီလောက်က မင်းပြားမြို့က ညီမ ဖြစ်သူရိုကိုဟွန်ဒါနန့် လားယူချိန် င/ တန်ပျင်းချောင်းနားအရောက် တောင်မော်ဦးဟိ အကြမ်းဖက် စစ်ကောင်စီတပ်က စက်သီနတ်နန့် လှမ်းပစ်ခ ပါရေ။
ယင်းပစ်ခတ်မှုကြောင့် ဦးမောင်ထွန်းလှိုင်၏ ဘယ်ဖက်လက်ဖျံနန့် ရင်ဖတ်မာ ကျည်ကျပနာ ဟွန်ဒါထက်မာပင် ဂွင်တိုင်းသီ ဆုံးလားပြီးကေ ဟွန်ဒါလည်း ကမ်းသို့ထိုးတက်လားခပါရေ။
ဟွန်ဒါနန့် လိုက်လာရေ အမျိုးသမီး ၃ ယောက်နန့် အချေတယောက်စွာ ဖီးလွတ်ရာသို့ ထွက်ဗြီးလွတ်မြောက်လားခကေလေ့ ဦးမောင်ထွန်းလှိုင်၏ ရုပ်အလောင်းကိုတော့ အဂုထိယူလို မရသိမ့်ဘဲ ဟွန်ဒါနန့်တတူ ကမ်းနားမာ ကျန်နီခသိမ့်ရေလို့ မိသားစုတိက ပြောပါရေ။
ယူဖိုလားရေရွာသားတိကိုလေ့ တောင်မော်ဦးမာတပ်စွဲနီရေ စစ်ကောင်စီတပ်က စက်သီနတ်နန့် တရစပ် ပစ်ခတ်နီ ရေလို့ ဆိုပါရေ။
ရက္ခိုင်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခပြီးနောက် စစ်ကောင်စီစွာ ဒေသခံပြည်သူတိ၊ မြို့၊ ရွာတိနန့် ရီကြောင်းခရီး လားလာရေလူတိကို အဓိကထား ဦးတည်တိုက်ခိုက်လိုဟိနီပါရေ။
ယင်းပိုင် စစ်ကောင်စီက ရီကြောင်းခရီးလားလာလူတိကို ပစ်မှတ်ထားတိုက်ခိုက်လာရေအတွက် ရက္ခိုင်ပြည်တွင်း ရီကြောင်းခရီးလားလာရေ လူတိအနီနန့်အထူးသတိထား လားလာကတ်ဖို့ အရေးတကြီးလိုအပ်နီပါရေ။

