
APM ၊ ဂျုန် ၈/ ၂၀၂၄
ဂျုန် ၂ ရက်နိက နီ ၇ ရက်နိအထိ ၅ ရက်အတွင်းမောင်တောမြို့နယ်အတွင်းဟိ စစ်ကောင်စီတပ်စခန်း ၆ ခုကို အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း အာရက္ခတပ်တော် AA က ဂျုန် ၇ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာဘူးသီးတောင်မြို့ဟိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တခုမကျန်သိမ်းပိုက်ခပြီးနောက် ဘူးသီးတောင်နန့် နယ်မြီချင်းကပ်လျက်ဟိသော မောင်တောမြို့ဟိ စစ်ကောင်စီ၏ လက်ကျန် စခန်းများထဲက အချို့ကို ဂျုန် ( ၂ )ရက်နိမှ စတင်လို့ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် လျက်ဟိရာ – တာဝါတိုင်စခန်း ကို ဂျုန် ၂ ရက်၊ ညဇာ (၅) နာရီအချိန်မာလည်းကောင်း၊ ကျောက်ပန္ဒူစခန်း ကို ဂျုန် ၃ ရက်၊ မိုးထ (၅) နာရီ (၄၀) မိနစ်မာလည်းကောင်း၊ ခွဆုံပြင်စခန်း ကို ဂျုန် (၄) ရက်၊ မိုးထ (၅) နာရီ (၁၅) မိနစ်အချိန်မာလည်းကောင်း၊ မြင်းလွှတ်စခန်း ကို ဂျုန် (၄) ရက်၊မိုးထ (၇) နာရီ (၃၀) မိနစ်အချိန်မာလည်းကောင်း အင်းဒင်စခန်း (သို့) နခခ (၆) စခန်း ကို ဂျုန် (၆) ရက်နိ၊မိုးထ (၉) နာရီအချိန်မာ လည်းကောင်း၊ နခခ (၉) စခန်း ကို ဂျုန် (၇) ရက်၊ မွန်းလွဲ (၃) နာရီအချိန်မာလည်းကောင်း အာရက္ခတပ်တော်က အသီးသီး အပြီးသတ် သိမ်းပိုက်ရဟိခပြီးဖြစ်သည်လိုဖော်ပြထားပါရေ။
ယင်းအပြင် စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောဟိ စခန်းတိက လက်နက်တိနန့် ထွက်ဗြီးလွတ် မြောက်နီ ရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိကို လိုက်လံယှင်းလင်းလျက်ဟိပိုင် စစ်ကောင်စီ၏ အခြားသောလက်ကျန် စခန်းတိဖြစ်သော နခခ(၄) ၊ မောရဝတီ ၊ အလယ်သံကျော် ၊ နားခေါင်းတိုစခန်း အပါအဝင် တခြား လက် ကျန်စခန်းတိကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လားဖိုလို ဆိုပါရေ။
ယင်းကြောင့် ယင်းစခန်းတိက စစ်ကောင်စီ တပ်ဖွဲ့ဝင်တိအနီနန့် စောစောစီးစီးလက်နက်ချအညံ့ခံကေ အသက်အန္တရာယ်ကင်းဝီးဖို့ဖြစ်ကြောင်းလည်း အာရက္ခတပ်တော်၏ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။

