APM ၊ မေ ၁ /၂၀၂၄
Genocide အတုတိကို ခုတုံးလုပ်ပနာ လုပ်စားနီကတ်တေ အဖွဲ့အစည်းတိနန့် လူပုဂ္ဂိုလ်တိကို ဝိုင်းဝန်းဆန့်ကျင်ကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တိုက်တွန်း ထုတ်ပြန်လိုက်ပါရေ။
ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက ၎င်း၏ တယ်လီဂရမ်လုမှုကွန်ရက်စာမျက်နှာမာ ဧပြီ ၃၀ ရက်နိက ယင်းပိုင် ရွီးသားဖော်ပြထားစွာဖြစ်ပါရေ။
“Genocide အတုတိကို ခုတုံးလုပ်ပြီးကေ လုပ်စားနီရေ အဖွဲ့အစည်းတိနန့် လူပုဂ္ဂိုလ်တိကို အမှန်တရားမြတ်နိုးရေ မြန်မာ ပြည်သူတိနန့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းဆန့်ကျင် တားဆီးကတ်ဖို့လိုအပ်ပါရေ” လို့ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
အာရက္ခပြည်ဟိ ဘင်္ဂလီမူဆလင် အသိုင်းအဝိုင်းနန့်ပတ်သက်ပြီး ဖြစ်ပေါ်နီရေ မမှန်မကန် လုပ်ကြံဖန်တီးမှုတိနန့် စွပ်စွဲမှုတိကိုလည်း ULA/AA က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါရေ။
ယင်းအပြင် ဘင်္ဂလီမူဆလင် အကြမ်းဖက် အဖွဲ့အစည်းတိဖြစ်ကတ်တေ ARSA, ABA, RSO နန့် ဆက်စပ်တေ အဖွဲ့အစည်းတိစွာ သူရို့၏ ဘာသာရီးအစွန်းရောက် မူဝါဒတိကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်၊ လူ့အခွင့်အရေးကို အရီခြုံပြီး
ကေ Genocide ဆိုရေစကားကို လက်နက်တခုသဖွယ် အသုံးချလာစွာတိ တွိရရေလို့လည်း ULA/AA က ဆိုပါရေ။
ယင်းသို့လုပ်ဆောင်နီမှုတိစွာ လူမျိုးတခုနန့်တခုကြား ဖြေယှင်းမရရေ ရှုပ်ထွီးမှုတိကို ဦးတည်လားစီနိုင်ရေ ကိစ္စ ဖြစ်ကြောင်းနန့် ယင်းပိုင် Genocide အတုတိပေါ်လာစွာက အမှန်တရားမြတ်နိုးရေ ကမ္ဘာသူ/သားတိအတွက် အလွန်စိုးရိမ်စရာကိစ္စတိဖြစ်ကြောင်းလည်း ULA/AA ၏ ထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။