(စစ်ကောင်စီက ပေါက်တောကို မီးတိုက်ပြီး မင်းပြားမာ လက်နက်ကြီးနန့်ပစ်)
APM၊ ဂျန်နဝါရီ ၂၃/၂၀၂၄
ဂျန်နဝါရီ ၂၂ ရက်နိမာလည်း ရက္ခိုင်ပြည်အတွင်း တိုက်ပွဲ တိဆက်လက် ပြင်းထန်နီပြီး၊ စစ်ကောင်စီက ပေါက်တောမြို့ကို ထပ်မံမီးတိုက်ခပိုင် မင်းပြားမြို့နယ်မာ ရပ်ရွာတိကို လက်နက် ကြီးတိနန့်ပစ်ခတ်ခကြောင်း ညီနောင်မဟာ မိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၂၂ ရက်နိ၊ ညည့် ၁၁ နာရီ မိနစ် ၅၀ အချိန် သတင်းထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း”ညီနောင်မဟာ မိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီးကြီး (၈၈) ရက်မြောက်နိတွင် ရက္ခိုင်ဒေသတွင်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နီကြောင်း၊ ရက္ခိုင်ပြည်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနန့်ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA)နန့်စစ်ကောင်စီရို့အကြား တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ဟိပြီး စစ်ရီးအဟုန် မြင့်တက်လျက်ဟိကြောင်း” ဖော်ပြထားပါရေ။
တချိန်တည်းမာ ရက္ခိုင်ဒေသအတွင်းစစ်ကောင်စီ၏ ထပ် မံဖြည့် တင်းလာရေ စစ်အင်အားတိ နန့် ရက္ခိုင့်တပ်တော် (AA)ရို့အကြား တိုက်ပွဲတိပြင်းထန်နီရေလို့လည်း ဆိုပါရေ။
အခြားတဖက်မာ “အယှုံးနန့် ထိပ်တိုက်ရင်ဆိုင်နီသည့် စစ်ကောင်စီသည်ဒေနိတွင်လည်းပေါက်တောမြို့ကို မီးတိုက် ဖျက်ဆီးခကြောင်း၊မင်းပြားသို့ရီကြောင်းမှအင်အားဖြည့် တင်းလာသည့် စစ်ကောင်စီ၏နေဗီသင်္ဘောများမှလည်း မြစ်ကြောင်းတလျှောက် ရပ်ရွာများအား လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခကြောင်း” ညီနောင်သုံးဖော်က ဖော်ပြပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၂၂ ရက်နိမာ ကျောက်ဖြူမြို့နယ်ဟိ စစ်ကောင်စီ၏ “ဓညဝတီရီတပ်ဌာနချုပ်စခန်း”ကိုရက္ခိုင့်တပ်တော် (AA)က ဒုတိယအကြိမ် ထပ်မံတိုက်ခိုကခရေလို့လည်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။