မောင်တောမာ စစ်ကောင်စီထောင်ထားရေ မြီမြှုပ်မိုင်းကိုနင်းမိလို့ ကျေးရွာအုပ်ချုပ်ရီးမှူးတယောက် ပြင်းထန် ဒဏ်ရာရ
APM ၊ ဒီဇမ်ဘာ ၈/၂၀၂၃
မောင်တောမြို့နယ်မာ ဒီဇမ်ဘာ ၇ ရက်နိ၊နိခင်းက မောင်တော၊ မီးတိုက်ချောင်းဝ နခခ(၂) လက်အောက်ခံ နယ်ခြားစောင့်ရဲစခန်း စွန့်ခွာချိန်က စစ်ကောင်စီထောင်ထားခရေ မြီမြှုပ်မိုင်းကို တက်နင်းမိလို့ ပေါက်ကွဲမှုဖြစ်ပြီးကေ ဒေသခံ ကျေးရွာအုပ်ချုပ်ရီးမှူးတယောက် ပြင်းထန်ဒဏ်ရလား ခရေလို့ သိရပါရေ။
မြီမြှုပ်မိုင်းနင်းမိလို့ ဒဏ်ရာရလားခရေလူစွာ မောင်တောမြို့ နယ်၊ မီးတိုက်ကျေးရွာ အုပ်ချုပ်ရီးမှူး ဦးမောင်သာထွန်း (၅၂ နှစ်) ဖြစ်ပါရေ။
ဖြစ်စဉ်မာ ဒီဇမ်ဘာ ၇ ရက်နိ၊ နိခင်း၂ နာရီကျော်လောက်က ဦးမောင်သာထွန်း အပါဝင် ဒေသခံ ၄ ယောက်ရို့စွာ မီး တိုက်ချောင်းဝဖက်မာ ငါးရှာပြီးလို့အိမ်အပြန် နခခ(၂) လက်အောက်ခံနယ်ခြားစောင့် ရဲစခန်း အတွင်းထဲသို့ဝင်ကြည့်ရေခါ ယင်းနယ်ခြားစောင့်ရဲစခန်း စွန့်ခွာချိန်က စစ်ကောင်စီတပ် ထောင်းထားခရေ မိုင်းကို ဦးမောင်သာထွန်း နင်းမိခစွာ ဖြစ်ပါရေ။
ယင်းနယ်ခြားစောင့်ရဲစခန်းက တပ်ဖွဲ့ဝင်တိစွာ နိုဗမ်ဘာ ၁၄ ရက်နိကပင် စခန်းကို စွန့်ခွာလာခပြီးဖြစ်တေလို့ သိရပါရေ။
မိုင်းပေါက်ကွဲမှုကြောင့် ဦးမောင်သာထွန်း၏ ခန္ဓာကိုယ် အနှံ့ဒဏ်ရာတိရလားခပြီးကေ ဘယ်ဖက်ခြီထောက်လည်းပြတ်ထွက်လားခ ရေလို့ ဒေသခံတိကပြောပါရေ။
အုပ်ချုပ်ရီးမှူး ဦးမောင်သာထွန်းစွာ တောင်ပြိုလက်ဝဲ စစ်ကောင်စီဗျူဟာကုန်းမာ ကနဦး ဆီးကုသမှုခံယူခကေလေ့ မသက်သာရေအတွက်ကြောင့် နောက်ထပ်ဆီးရုံတခုသို့ ရွှိပြောင်း ဆီးကုသနီရရေလို့ သိဟိရပါရေ။