
(ရန်သူ့အလောင်း ၄၀၀ ကျော်နန့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ)
APM ၊ ဂျူလိုင် ၉ /၂၀၂၄
သံတွဲအခြီစိုက် စစ်ကောင်စီတပ် ခမရ(၅၆၆) တပ်ရင်း၊ ငပလီ(မဇင်)လီဆိပ်အပါအဝင် သံတွဲမြို့ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထိမ်းချုပ်ထားကြောင်း အာရက္ခတပ်တော်AA က ဂျူလိုင် ၇ ရက်နိမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “သံတွဲအခြီစိုက် ခမရ (၅၆၆) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဂျုန်လ (၂၇) ရက်၊ ညဇာ (၅) နာရီ (၃၀) မိနစ်အချိန်တွင် သိမ်းပိုက်ရဟိခသကဲ့သို့၊ သံတွဲမြို့အနားပတ်ဝန်းကျင်ဟိ အခြားသော ရန်သူ့တပ်စွဲထားသော စခန်းတချို့ကိုလည်း သိမ်းပိုက်ရဟိထားပြီးဖြစ်သည်။ ခမရ (၅၆၆) အား လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် ရန်သူသည် သံတွဲ၊ လီဆိပ်အတွင်း၊ လီဆိပ်နားအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနန့် ဇီးဖြူကုန်းဟိသုံးထပ်တိုက် တတိုက်ထဲမှ ခုခံစစ်များကိုဆင်နွှဲခသည်။ သို့သော်လည်း ရန်သူအင်အား (၁၀၀) ခန့်ဖြင့် ခုခံနီသောသုံးထပ်တိုက် နန့် ၎င်းပတ်ဝန်းကျင်အနားမှ နီရာများအား ၂၀၂၄ ခုနှစ်၊ ဂျူလိုင်လ (၆) ရက်၊ မိုးထ(၁၁) နာရီခန့်အချိန်တွင် လည်းကောင်း၊ ငပလီ(မဇင်) လီဆိပ်အနား လီဆိပ်အဆောက်အအုံနန့် ၎င်းအနီးပတ်ဝန်းကျင်များမှ အင်အား (၄၀၀) ခန့်ဖြင် ခုခံစစ်ဆင်နွှဲနီသော နီရာများအားလုံးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) ရက်၊ မိုးထ (၆) နာရီ အချိန်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လီဆိပ်အား ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။ အဆိုပါရန်သူများအားလုံးကိုလည်း ခြီမှုန်းနိုင်ခသည်။ အဆိုပါ ရန်သူအများစုမှာ တပ်မ (၁၀၁) ၏ လက်အောက်ခံ တပ်ရင်းများဖြစ်ကတ်ပြီး အဆိုပါတပ်ရင်းများအားလုံးနီးပါးကို မိမိရို့မှ အပြတ်အသတ်ခြီမှုန်းနိုင်ခသည်” လို့ဖော်ပြထားပါရေ။
သံတွဲဒေသတိုက်ပွဲတိအတွင်းမာ ရန်သူ့အလောင်း (၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရ မိခပြီးကေ၊ ရန်သူ့အလောင်းတိကိုတော့ ကောင်းမွန်စွာမြီမြှုပ်သင်္ဂြိုလ်ခပြီးဖြစ်တေလို့ အာရက္ခတပ်တော်က ဆိုပါရေ။
သံတွဲအခြီစိုက်တပ်ရင်းဖြစ်ပြီးကေ လက်ဟိမာ တခုတည်းရာကျန်ရေ ခလရ (၅၅) တပ်ရင်းကိုလည်း အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လို့ဟိရေပိုင်၊ ထွက်ဗြီး လွတ်မြောက်နီရေ ရန်သူတိကို လိုက်လံခြီမှုန်းလို့ဟိရေလို့သိရပါရေ။
ယင်း ခလရ (၅၅) နန့်တတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြီစိုက် ခလရ (၂၅၂) တပ်ရင်းနန့် တခြားနာမည်မသိသိမ့်ရေ တပ်ရင်းတချို့ စုပေါင်းပြီးကေ ခလရ (၅၅) တပ်ရင်းနန့် ၎င်းပတ်ဝန်းကျင် အနားက ခုခံတိုက်ခိုက်နီရေပိုင် ရီတပ်၊ လီကြောင်းပစ်ကူ တိုက်ခိုက်မှုတိကြောင့် တိုက်ပွဲတိစွာ လက်ဟိအချိန်အထိ ပြင်းထန်လို့ဟိရေလို့လည်း ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
သံတွဲဒေသအတွင်းမာ စစ်ကောင်စီ၏ သံတွဲအခြီစိုက်တပ်ရင်းတိဖြစ်ကတ်တေ ခမရ (၅၆၆) နန့် ခလရ (၅၅) တပ်ရင်းရို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းတိဖြစ်ကတ်တေ ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြီစိုက် တပ်ရင်းတချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းတချို့ နန့် Myanmar Navy SEALs တပ်ဖွဲ့ဝင်တိပါဝင်ပြီးကေ တပ်မ (၁၀၁)က တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့စစ်ဆင်ရီးမာပါဝင်ခကတ်လို့ ဖမ်းဆီးရမိရေ သုံ့ပန်းတချို့၏ ပြောကြားချက်အရသိရကြောင်း ထုတ်ပြန်ချက်မာဖော်ပြထားပါရေ။
ယင်းအပြင် ဘင်္ဂလားပင်လယ်ပြင်ထက်မာ တပ်စွဲထားရေ ရီတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရီယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စရေနီရာတိက လက်နက်ကြီးပစ်ကူ၊ လီကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပီးပြီးကေ ကြည်း၊ ရီ၊ လီ စုပေါင်းပနာ အသည်းအသန် ခုခံကာကွယ်နီခရေအတွက် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနီစွာ အပြင်းထန်ဆုံး နန့် အမြင့်ဆုံးအနီအထားသို့ ရောက်ဟိခရေပိုင် အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲတိအတွင်းမာ ခက်ခဲရေ မြို့သိမ်းတိုက်ပွဲလည်းဖြစ်ခကြောင်း အာရက္ခတပ်တော်၏ ဂျူလိုင် ၇ ရက်နိ သတင်းထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။



