
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်း ၃၅၀ ကျော် သိမ်းဆည်းရမိခကြောင်း အာရက္ခတပ်တော် ဆို
APM၊ ဂျူလိုင် ၈ / ၂၀၂၄
မောင်တောဒေသက စစ်ကောင်စီ၏ နခခ(၂) နယ်ခြားစောင့်တပ်စခန်းကို ဂျူလိုင် ၆ ရက်နိ၊ နိခင်း ၁ နာရီ၊ မိနစ် ၄၀ အချိန်မာ အပြီးသတ်သိမ်းပိုက်ပြီး၊ ရန်သူ့အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခကြောင်း အာရက္ခတပ်တော် AA က ဂျူလိုင် ၇ ရက်နိမာ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်အတွင်း ” နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဂျူလိုင်လ (၆) ရက်နိ၊ နိခင်း (၁) နာရီ (၄၀) မိနစ်အချိန်မာ ရန်သူ့အလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားနန့်တတူ သိမ်းဆည်း ရမိခသည်” လို့ဖော်ပြထားပါရေ။
ယင်းနခခ (၂) တပ်စခန်းမာ စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံတပ်ရင်းတိလည်း စုပေါင်းခုခံတိုက်ခိုက်ခကတ်တေလို့ ဆိုပါရေ။
အလားတူ မောင်တောဒေသအတွင်းက စစ်ကောင်စီ၏ လက်ကျန်စခန်းတိဖြစ်တေ နခခ (၅) မြို့ သူကြီးစခန်းနန့် တခြားစခန်းတိကိုလည်း အာရက္ခတပ်တော်က မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လို့ဟိရေလို့ ဖော်ပြထားပါရေ။
တခြားတဖက်မာလည်း စစ်ကောင်စီ ၏အရေးပါရေ စခန်းကြီးတိဖြစ်ကတ်တေ အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နန့် ဓညဝတီ ရီတပ်ဌာနချုပ်ရို့ကို အာရက္ခတပ်တော်က ဖြတ်တောက်ပိတ်ဆို့ ထားရေပိုင် တချို့စခန်းတိကို ထိုးစစ်ဆင်တိုက်ခိုက်နီပနာ တဝက်တပျက် သိမ်းဆည်းထားရေလို့လည်း ထုတ်ပြန်ချက်အရ သိရပါရေ။
အာရက္ခဒေသတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခကတ်တေ အာရက္ခစစ်သည်တော်ရို့၊ သတ္တိပြောင် မြောက်စွာနန့် ပီးအပ်လာရေ အမိန့်နန့်တာဝန်ကို ကျီပွန်စွာထမ်းဆောင်ခကတ်တေစစ်ဒေသအသီးသီးက အာရက္ခစစ်သည်တော်ရို့၊ ဆီးဖက်ဆိုင်ရာဝန်ထမ်း၊ ပူးပေါင်းဆောင်ရွက်ကူညီပီးကတ်တေ အာရက္ခပြည်သူရို့ အားလုံးကို လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း အာရက္ခတပ်တော်၏ ဂျူလိုင် ၇ ရက်နိ သတင်းထုတ်ပြန်ချက်မာ ဖော်ပြပါဟိပါရေ။

