ကျောက်ဖြူက အပြစ်မဲ့ပြည်သူ ၁ ယောက်ကို အကြမ်းဖက်စစ်ကောင်စီ ဖမ်းဆီး
APM၊ ဒီဇမ်ဘာ ၇ /၂၀၂၃
ကျောက်ဖြူမြို့မာ ဒီဇမ်ဘာ ၆ ရက်နိ၊ ညည့် ၈ နာရီလောက်က အပြစ်မဲ့ပြည်သူ ၁ ယောက်ကို အကြမ်းဖက် စစ်ကောင်စီတပ်ကဝင်ဖမ်းလားကြောင်း သိရပါရေ။
ဖမ်းဆီးခံရလူတိစွာ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်က ဦးနိုင်ဝင်း(၃၄နှစ်)ဖြစ်ကြောင်းသိရပါရေ။
ဒီဇမ်ဘာ ၆ ရက်နိ၊ ညည့် ၈ နာရီလောက်က ကျောက်ဖြူအခြီစိုက် အကြမ်းဖက် စစ်ကောင်စီတပ် အင်အား ၂၀ လောက်စွာ စစ်ကား ၁ စီးနန့် စေတီယျရပ်ကွက်ထဲသို့ ဝင်ရောက်လာပြီးကေ့ ဧည့်စာရင်းဝင်စစ်ပနာ ဦးနိုင်ဝင်းကို နီအိမ်က ဖမ်းယူလားခရေလို့ ဒေသခံတိက ဆိုပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် နန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားချိန်ကစလို့ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတိကို နိတိုင်းဆိုရေပိုင် မတရားဖမ်း ဆီးလျက်ဟိရာ နိုဗမ်ဘာ ၁၃ ရက်နိကနီ ဒေနိအထိ ရက္ခိုင်ပြည်မြို့နယ်အသီးသီးက ဒေသခံပြည်သူ ၁၀၀ နီးပါးကို အကြမ်းဖက် စစ်ကောင်စီတပ်က မတရားဖမ်းဆီးထိန်း သိမ်းထားကြောင်း စုံစမ်းသိဟိရပါရေ။