APM ၊ ဂျန်နဝါရီ ၁/ ၂၀၂၄
၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၃၀ နန့် ၃၁ ရက်နိအတွင်း ပလက်ဝဒေသ၊ ချင်းလက်ဝ(အောက်)ရွာနားမာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့အကြား တိုက်ပွဲတိဆက်လက်ပြင်းထန်နီကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ “ဒီဇမ်ဘာ ၃၀ ရက်နန့် ၃၁ ရက်တွင်လည်း ပလက်ဝဒေသ၊ ချင်းလက်ဝ (အောက်)ရွာအနားပတ်ဝန်းကျင်တွင် ရက္ခိုင့်တပ်တော် (AA) နန့် စစ်ကောင်စီတပ်ရို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နီခသည်” လို့ဖော်ပြထားပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၃၁ ရက်နိမာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်အခြီစိုက် စစ်ကောင်စီ၏ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကနီ အရပ်သားပြည်သူတိနီထိုင်ရာ နီရာတိသို့ လက်နက်ကြီးတိနန့် ယမ်းသန်းပစ်ခတ်တိုက်ခိုက်ခရေပိုင် ရက္ခိုင့်တပ်တော် (AA)ဟိရေနီရာသို့လည်း လက်နက်ကြီး၊ ဒရုန်းတိနန့် ပစ်ခတ်တိုက်ခိုက်မှုတိ လုပ်ခရေလို့ဆိုပါရေ။
အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၃၁ ရက်နိ၊နိခင်း ၁ နာရီ ၃၀ မိနစ်လောက်က ရက္ခိုင်ပြည်၊ မင်းပြားမြို့မာ တိုက်ပွဲဖြစ်ပွားခြင်းမဟိပါဘဲ စစ်ကောင်စီ၏ Mi-17 ထောက်ပိုရဟတ်ယာဉ်စွာ မြို့ပတ်ဝန်းကျင်နန့် အပါးဟပ်စပ်ရပ်ရွာတိသို့ တမင်တကာ လာရောက် လက်နက်ကြီး၊ငယ်တိနန့် အကြမ်းဖက် ယမ်းကားပစ်ခတ်တိုက်ခိုက်ခရေပိုင်၊ တချိန်တည်းမာပင် မင်းပြားအခြီစိုက် စစ်ကောင်စီတပ်ရင်းတိကလည်း အရပ်သားပြည်သူရို့ကို ကြောက်ရွံထိတ်လန့်စီဖို့ လက်နက်ကြီးတိနန့် တမင်တကာ အကြောင်းမဲ့ပစ်ခတ်ခပါရေ။
၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၃၀ ရက်နိ၊ ညဇာ ၄ နာရီလောက်က ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ ဘူးသီးတောင်အခြီစိုက် စစ်ကောင်စီတပ် “စကခ (၁၅)” နန့် ၎င်းတပ် မလက်အောက်ခံ “ခမရ (၅၆၃)” တပ်ရင်းက ပြင်ရှည်ရွာနန့် အပါးဟပ်စပ်ရပ်ရွာတိသို (၈၁) မမ လက်နက်ကြီးတိနန့် (၁၀) ကြိမ်ထက်မနည်း ရည်ရွယ်ချက်ဟိဟိယမ်းကားပစ်ခတ်တိုက်ခိုက်ခလို့ ပြင်ရှည်ရွာအတွင်းဟိရွာသားတယောက်ပိုင် မွီးမြူရီးခြံအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခပနာ နွား (၂) ကောင်သီဆုံးခရပြီးကေ နောက်ထပ်နွား (၂) ကောင်လည်း ဒဏ်ရာအပြင်းအထန်ရဟိခရေလို့ သိရပါရေ။
ယင်းနိတရက်တည်းမာပင် ညဇာ ၈ နာရီအချိန်မာလည်း ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမဟိဘဲ ဘူးသီးတောင်အခြီစိုက်စစ်ကောင်စီတပ် “စကခ(၁၅)” နန့် ၎င်းတပ် မလက်အောက်ခံ “ခမရ (၅၆၃)” တပ်ရင်းက ပြင်ရှည်ရွာသို့ လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိ ရမ်းကားပစ်ခတ်တိုက် ခိုက်ခပါသိမ့်ရေ။
ယင်းလက်နက်ကြီးကျည်တိစွာ ပြင်ရှည်ရွာထဲမာ (၆) လုံး၊ ရွာဘုန်းကြီးကျောင်းဆောင်မာ (၁) လုံးနန့် ရွာအပြင်ဖက်မာ (၁) လုံး စသဖြင့် အသီးသီးကျရောက် ပေါက်ကွဲခလို အသက် (၅၈)နှစ်အရွယ် ဒေသခံသက်ကြီးပိုင်းအမျိုးသား (၃) ယောက်၏ ညာဖက်တန်းတောင်ဆစ်မာ လက်နက်ကြီးစ ထိမှန် နစ်ဝင်လားခရေပိုင် ရွာအတွင်းဟိ ဘုန်းကြီးကျောင်းဆောင်အပါအဝင် နီအိမ်အချို့လည်း ထိခိုက်ပျက်စီးခရပါရေ။
အလားတူ ကျောက်တော်မြို့နယ်မာလည်း ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ၂၉ ရက်နိ၊ မိုးထ ၁၀နာရီဝန်းကျင်လောက်က ညောင်ချောင်းစစ်ဖီးယှောင်စခန်းအနီး အသက် (၄၅) နှစ်အရွယ် ဒေသခံစစ်ယှောင်အမျိုးသားတယောက်စွာ မဟာမုနိလီယာဉ်ကွင်းအနားဟိစပါးခင်းမာ စပါးအငှားရိတ်နီချိန် အကြမ်းဖက်စစ်ကောင်စီ၏ “ခလရ (၃၇၆) တပ်ရင်း”၊ တပ်ဖွဲဝင်တိက ကြိုးနန့်ချိုင်လို့ ရိုက်နှက်ပနာ အင်အားသုံးဖမ်းဆီး ခေါ်ဆောင်လားခပါရေ။
ယင်းအပြင် ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၃၁ ရက်နိ၊ မိုးထ ၁၀ နာရီဝန်းကျင်မာလည်း ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၊ ဓမ္မာရုံအရှိမာ စခန်းချတပ်စွဲထားရေ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တိက လက်နက်ချေတိနန့် ယမ်းကားပစ်ခတ်ခရာ အမှတ် (၂) ရပ်ကွက်၊ အိုးဖိုစုက ဒေသခံ အမျိုးသားတယောက်၏ ပက်ခုံးမာ ကျည်ဆံထိမှန် ဒဏ်ရာ ရဟိလားခကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။