မြောက်ဦးမြို့မာ AA နန့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်သီ၊ ၅ ယောက် ဒဏ်ရာရ
APM၊ ဒီဇမ်ဘာ ၇ /၂၀၂၃
ဒီဇမ်ဘာ ၆ ရက်နိက ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ ငွေတောင်ပေါက်တန်းထားအနားမာ ရက္ခိုင့်တပ်တော် AA နန့် အကြမ်းဖက်စစ်ကောင်စီတပ်ရို့အကြား တိုက်ပွဲ ဖြစ်ပွားခရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သီဆုံးပြီးကေ ၅ ယောက် ဒဏ်ရာရလားကြောင်း ညီနောင်မဟာမိတ်(၃) ဖွဲ့က ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ” အရပ်သားပြည်သူများအား နိစဉ်ရက် ဆက်ပစ်ခတ်သတ်ဖြတ်နီသောစစ်ကောင်စီတပ်ဖွဲ့ဝင်များ နန့် ရက္ခိုင့်တပ်တော်ရို့ မြောက်ဦးမြို့၊ ငွေတောင်ပေါက်တန်းထားနားတွင် ထိတွိတိုက်ပွဲဖြစ်ပွားခပြီး ရန်သူဖက်က ၄ ယောက်ကျဆုံးကာ ၅ ယောက် ဒဏ်ရာရလားခသည်။
အထိနာလားသောရန်သူ့တပ်ဖွဲ့ဝင်များက ညဇာ ၃ နာရီခန့် တွင် ၎င်းတန်းထားအနားမှ မြောက်ဦးမြို့ထဲသို့ လက်နက် ငယ်များဖြင့် ယမ်းကားပစ်ခတ်တိုက်ခိုက်ခသည်’လို့ ဖော်ပြထားပါရေ။
ယင်းအပြင် မင်းပြားမြို့၊ မယ်တော်တောင်မာ တပ်စွဲထားရေ ခမရ (၅၄၁)တပ်ရင်းက မယ်တော်တောင်အနား ဖြတ်သန်းလားလာနီကတ်တေ ပြည်သူတိကို လက်နက်ချေတိနန့်အဆက်မပြတ်ပစ်ခတ်နီကြောင်း၊ မင်းပြားမြို့၊ တောင်မော်ဦးမာ တပ်စွဲထားရေ စစ်ကောင်စီတပ်က အရပ်သားပြည်သူတိကို လက်နက်ချေတိနန့် ပစ်ခတ်လို့ ပေါက်တောဒေသခံ ၁ ယောက် သီဆုံးခရကြောင်း ညီနောင် (၃) ဖွဲ့ကဆိုပါရေ။
ယင်းနောက် အမ်းမြို့နယ်၊ ကဇုကိုင်း၊ တောဟိန်းတောင်ထက်မာ တပ်စွဲထားရေ အကြမ်းဖက်စစ်ကောင်စီတပ်က
အရပ်သားပြည်သူတိကို ရည်ရွယ်ချက်ဟိဟိ တသိတမင်
လက်နက်ကြီးနန့် ယမ်းကားပစ်ခတ်တေအတွက် ဒါးလက်ချောင်းအုပ်စု၊ အလယ်ကျွန်းရွာက လူလတ်ပိုင်း အမျိုး သား ၁ ယောက် ထိခိုက်ဒဏ်ရာလားကြောင်း ထုတ်ပြန်ချက်က ဆိုပါရေ။
အလားတူ ပေါက်တောမြို့တွင်းဟိ ဒေသခံပြည်သူရို့နန့် မြို့ကိုအကာအကွယ်ယူပနာ ဒေသခံတိကို ဆက်လို့ ဒုက္ခပီးနီရေ စစ်ကောင်စီလက်ကျန်တိ နန့် ရက္ခိုင့်တပ်တော် ရို့အကြား မြို့တွင်းတိုက်ပွဲတိ ဆက်လက်ပြင်းထန်နီပြီးကေ
အခြားတဖက်မာ ပလက်ဝမြို့နယ် “နှုးဘူးဗျူဟာကုန်း” ကိုရန်သူ၏ လီကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတိနန့် ခုခံနီရေ ကြားက ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နီရေလို့လည်း ဆိုပါရေ။
တချိန်တည်းမာ ၁၀၂၇စစ်ဆင်ရီး ဆင်နွှဲ့လာရေ (၄၁)ရက် မြောက်နိရက်မာလည်း ပြည်သူလူထုကို နိစဉ်ရက်ဆက် တမင်တကာ ပစ်ခတ်တိုက်ခိုက်နီရေ ရန်သူ့ဗျူဟာကုန်းကြီးတိ၊ စခန်းကြီး၊ စခန်းချေတိကို မိမိရို့ညီနောင်မဟာ မိတ်(၃)ဖွဲ့က ထပ်မံအပြီးသတ်ချေမှုန်းနိုင်ခပြီးကေ လက် နက်ချ အညံ့မခံရေ ရန်သူ့တပ်ဖွဲ့ဝင်တိနန့် ထွက်ဗြီးလွတ် မြောက်နီရေ ရန်သူ့တပ်ဖွဲ့ဝင်တိကို သုတ်သင်ယှင်းလင်း နီပိုင် ဒီဇမ်ဘာ ၆ ရက်နိ၊မွန်းလွဲ၂ နာရီ မိနစ် ၅၀က မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရီမျက်နီရွာ ၏ အရှိမြောက်ဖက်မာ ရက္ခိုင့်တပ်တော်၊ လှုပ်ယှားစစ်ကြောင်းနန့် စစ်ကောင်စီတပ်ရို့ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခရေလို့လည်း ညီနောင်သုံးဖော်၏ ထုတ်ပြန်ချက်မာ ဖော်ပြပါရေ။
ယင်းနည်းတူ သျှမ်းမြောက်ဒေသ၊ သီပေါ၊ နမ့်ခမ်း၊ လားသျှိးနန့် ကွတ်ခိုင်စရေ မြို့နယ်တိအတွင်းက စစ်ကောင် စီ၏ တပ်စခန်းတချို့နန့် မိမိရို့စစ်ဆင်ရီးကို အနှောင့်အယှက်ပီးနီရေ ရန်သူ့တပ်စခန်းတိကို မရရအောင်ဆက်လို့ တိုက်ခိုက်လားဖို့ဖြစ်ကြောင်း၊အယင်ရက်တိအတိုင်း စစ်ဆင်ရီးကို တရက်တောင်မှ မရပ်တန့်ဘဲ သတ်မှတ်ထားရေ ရန်သူ့စစ်ဆင်ရီးပစ်မှတ်၊ ရန်သူ့အားနည်းချက်နီရာတိသို့ ဆက်လို့ ထိုးစစ်ဆင်တိုက်ခိုက်လားဖို့ဖြစ်ပါကြောင်း ဖော်ပြထားပါရေ။
ယင်းအပြင် ဒီဇမ်ဘာ ၆ရက်နိက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့၊တုန်ချိန်ရပ်ကွက် တောင်ဖက်ခြမ်းဟိ စစ်ကောင် စီ အ ခြီစိုက်စခန်းတခုဖြစ်တေ “တာရင်တောင်စခန်းကြီး” ဟိ စခန်းပေါင်း ၄ ခုကို ကိုးကန့်တပ်မတော် (MNDAA)က ၂ ရက်တာ ထိုးစစ်ဆင်ခပြီးနောက် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခပြီး၊တိုက်ပွဲအတွင်း စစ်သုံပန်း ၁၀ ယောက် ကို ဖမ်းဆီးရမိခကြောင်း၊ စစ်ကောင်စီတပ်က အရပ်သားပြည်သူတိကို တမင်တကာ ပစ်မှတ်ထားပြီးကေ တအာင်း ပြည်နယ်၊ လားသျှိးမြို့နယ်၊ ပန်ဟုံရွာဖက်သို့ လက်နက် ကြီးနန့် (၆) ကြိမ်၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ရွာ ဖက်သို့ Mi 35 တိုက်ခိုက်ရီးရဟတ်ယာဉ်နန့်(၁)ကြိမ် ပစ်ခတ်တိုက် ခိုက်ခကြောင်း၊ စစ်ကောင်စီ၏နမ့်ခမ်းမြိုနယ်၊စခန်းသစ် ကုန်းကို မိမိရို့မဟာမိတိတပ်တိက ထပ်လို့ ထိုးစစ်ဆင်ခါလည်း ရန်သူ စစ်ကောင်စီ၏ “မန်တပ်စခန်း”နန့်“နမ့်ဖတ် ကာစခန်း”က လက်နက်ကြီးနန့်(၄၉) ကြိမ်ပစ်ကူ ပီးခရေ အပြင် Y12 ဂျက်ဖိုက်တာနန့်ပါ (၂၁)ကြိမ် လာရောက် ပစ်ကူတိုက်ခိုက်ခကြောင်းကိုလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
