APM၊ ဖေဖော်ဝါရီ ၁၅ /၂၀၂၄
ဖေဖော်ဝါရီ ၁၄ ရက်နိ၊ မိုးထက ဝမ်းရီးအတွက် မြစ်ပြင်ထွက်ပနာ လောင်းချေ ၃ စီးနန့် ငါးရှာနီရေ ကျောက်ဖြူမြို့ နယ်၊ ပေါက်နက်ချေရွာက အပြစ်မဲ့ အရပ်သားပြည်သူ ၉ ယောက်ကို အကြမ်းဖက်စစ်ကောင်စီ နေဗီက လူမဆန်စွာ မတရားဖမ်းဆီးလားကြောင်း သိရပါရေ။
အဖမ်းခံရရေ အပြစ်မဲ့ပြည်သူတိကတော့ ကျောက် ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ ပေါက်နက်ချေရွာက ဦးမြင့် သန်းချေ၊ မောင်စိုးမြင့်သန်း၊ ဦးသန်းစိုး၊ ဦးကျော်သန်းမောင်၊ ဦးဇော်ဝင်း ၊ ဦးထွန်းထွန်းဝင်း၊ဦးမောင်ခင်စိုး၊ ဦးအောင်ရွှီတင်၊ ဦးလပြည့် ရို့ဖြစ်ကတ်တေလို့ ပေါက်နက်ချေရွာသားတိက ပြောပါရေ။
ယင်းဒေသခံ ၉ ယောက်စွာ ဖေဖော်ဝါရီ ၁၄ ရက်နိ မိုးထ ၆ နာရီခွဲ လောက်မာ ကျောက်ဖြူမြို့နယ်၊ပေါက်နက်ကြီးမော်စွန်းအောက်နားမြစ်ပြင်မာ လောင်းချေ ၃ စီးနန့်ငါးရှာနီကတ်ချိန် စစ်ကောင် စီ၏ ဓညဝတီရီတပ်စခန်းဌာနချုပ်၊အမှတ်(၁၆) ဖောင်တော်မာ ကျောက်ချထားရေစစ်ကောင် စီနေဗီ ၁ စီးကလာရောက် ဖမ်းယူလားခရေလို့ဒေသခံတိက ဆိုပါရေ။
လက်ဟိမာ ယင်းဒေသခံ ၉ ယောက်ကို ကျောက်ဖြူမြို့မ ရဲစခန်းမာ ချုပ်နှောင်ထားရေလို့ သိဟိရပါရေ။