APM ၊ ဒီဇမ်ဘာ ၃၁/၂၀၂၃
ဒီဇမ်ဘာ၂၉ ရက်နိ၊ မိုးထပိုင်းက ကျောက်တော်မြို့နယ်မာ စစ်ဖီးယှောင်တယောက်ကို နယ်ချဲ့အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီတပ်က လူမဆန်စွာ ဥပဒေမဲ့ ရိုက်နှက်နှိပ်စက် ဖမ်းဆီးလားခရေ့ သိရပါရေ။
မတရားအကြမ်းဖက်အဖမ်းခံရလူကတော့ ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဖီးယှောင်စခန်းက ဦးမောင်သန်းဝေ ( ၄၅နှစ်) ဖြစ်ပါရေ။
ဦးမောင်သန်းဝေစွာ ဒီဇမ်ဘာ ၂၉ ရက်နိ့ မိုးထ ၁၀ နာရီကျော်လောက်က မဟာမုနိဘုရားကြီးအနားဟိ လီယာဥ်ကွင်းဘေးကလယ်ကွင်းမာ စပါးအငှားရိတ်နီချိန် အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၃၇၆) တပ်ရင်း စစ်ရာဇဝတ်ကောင်တိက ရိုက်နှက်ဖမ်းဆီးလားခစွာဖြစ်ပါရေ။
ယင်းနောက် ဦးမောင်သန်းဝေကို ကြိုးနန့်ချိုင်ပနာ ယင်း ခလရ (၃၇၆) တပ်ရင်းထဲသို အတင်းအဓမ္မအင်အားသုံး ဆွဲခေါ်လားခကတ်ပါရေ။
ဦးမောင်သန်းဝေစွာ ကျောက်တော်မြို့နယ်၊ မာလာရွာဇာတိဖြစ်ပြီးကေ ညောင်ချောင်းစစ်ဖီးယှောင်စခန်းမာ မိသားစုနန့်တတူ ခိုလုံနီထိုင်ကတ်စွာ ၄ နှစ်လောက်ဟိယာလို့လည်း သိဟိရပါရေ။