APM ၊ ဂျန်နဝါရီလ ၂၈ / ၂၀၂၄
ကုန်ခရေ ဂျန်နဝါရီ ၂၂ ရက်နိ၊ မုန်းမြို့နယ် အကြပ်အင်းရွာသို့ စစ်ကြောင်း ထိုးလာရေ အကြမ်းဖက် စစ်ကောင်စီတပ် နန့် KNLA ဦးဆောင်ရေ ရိုးမပူး ပေါင်းစစ်ကြောင်းရို့အကြား ဖြစ်ပွားခရေ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ယောက်သီဆုံးခပြီး ၇၈ ယောက် ဒဏ်ရာရလားခကြောင်း ကရင်အ မျိုး သားလွတ်မြောက်ရီးတပ်မတော် (KNLA) က ဒေနိ ဂျန်နဝါရီ ၂၈ ရက်နိမာ ထုတ်ပြန်ပါရေ။
KNLA၏ ထုတ်ပြန်ချက်ထဲမာ” မုန်းမြို့နယ် အကြပ်အင်းရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းနန့်ကရင်အမျိုးသားလွတ်မြောက်ရီးတပ် မတော် ဦးဆောင်သော ရိုးမပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့ရို့ ၂၂/၁/၂၀၂၄ရက်နိမိုးထ ၅း၃၀ နာရီအချိန်မှ ညဇာ ၅း၃၀ နာရီအချိန်အထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခရာ စစ်ကောင်စီတပ်ဖက်မှ (၇၂) ဦး သီဆုံးပြီး(၇၈)ဦးထိခိုက်ဒဏ်ရာရဟိ ခကြောင်း” ဖော်ပြထားပါရေ။
အကြမ်းဖက်စစ်ကောင်စီတပ်ဖက်က သီဆုံးလားရေ ၇၂ ယောက်ထဲမာ အင်ဂျင်နီယာတပ်ဖွဲ့ဝင်တိနန့် ရဲတပ်ဖွဲ့ဝင်တိ အများဆုံး ပါဝင်ရေလို့လည်း သိရပါရေ။
KNLA နန့် မဟာမိတ် ပူးပေါင်းတပ်ရို့က မုန်းမြို့ န ယ်မာဟိရေ စစ်ကောင်စီတပ်စခန်းတိကို ၂၀၂၃ ခုနှစ်၊ဒီဇမ်ဘာ ၂ ရက်နိမာ သိမ်းပိုက်ခစွာဖြစ်ပြီးကေ အကြမ်းဖက် စစ်ကောင်စီတပ်က မုန်းမြို့ကို ပြန်ရရီး မြီပြင်ထိုးစစ်အပြင်လီကြောင်းကပါ တိုက်ခိုက်မှုတိ နီစဉ် ပြုလုပ်နီရေလို့လည်း KNLA ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။