APM ၊ ဂျန်နဝါရီ ၂၉/၂၀၂၄
၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၂၈ ရက်နိမာ မင်းပြားမြို့ နယ်ဟိ အကြမ်းဖက်စစ်ကောင်စီ တပ်၏ ခမရ (၃၈၀) တပ်ရင်းကို ရက္ခိုင့်တပ်တော် အပြီးသတ် သိမ်းပိုက်လိုက်ပြီးဖြစ် ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ပါရေ။
ညီနောင်(၃)ဖွဲ့၏ ဂျန်နဝါရီ၂၉ရက်နိ စစ်သတင်းထုတ်ပြန်ချက်အတွင်း ” ဒေနိတွင် ရက္ခိုင့်တပ်တော်(AA) မှ ထိုးစစ်ဆင် တိုက်ခိုက်နီသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ဟိ စစ်ကောင်စီ၏ “ခမရ (၃၈၀) တပ်ရင်း” အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခသည်” လို့ ဖော်ပြထားပါရေ။
ယင်း ခမရ(၃၈၀)တပ်ရင်းကို သိမ်းပိုက်နိုင်ရီး ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်တေအခါ အ ကြမ်းဖက်စစ်ကောင်စီစွာလီကြောင်းပစ်ကူ၊ရီကြောင်းစစ်အင်အားဖြည့်တင်းမှုတိနန့် အသည်း အသန်ခုခံခရေလို့လည်း ဆိုပါရေ။
အလားတူ ဂျန်နဝါရီ ၂၇ ရက်နိ၊ မိုးထ ၆နာရီ ၄၀ မိနစ်ကစလို့ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ၊ ကြာညိုပြင်တံတန်းထားစခန်းအနားမာ စစ်ကောင်စီတပ်နန့် ရက္ခိုင့်တပ်တော်ရို့ကြားတိုက်ပွဲဖြစ်ပွားခပြီးကေ ဂျန်နဝါရီ ၂၈ ရက်နိမာလည်းတိုက်ပွဲတိဆက်ဖြစ်နီကြောင်း၊ အကြမ်းဖက် စစ် ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတိဟိကြောင်း ညီနောင် မဟာမိတ် (၃)ဖွဲ့၏ သတင်းထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
အယင်ရက်တိနည်းတူဂျန်နဝါရီ၂၈ ရက်နိမာလည်းရက္ခိုင်ပြည် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနန့်ရသေ့တောင်မြို့နယ်တိမာ ရက္ခိုင့်တပ်တော်(AA)နန့်စစ်ကောင်စီတပ်ရို့ကြားတိုက်ပွဲတိ ဆက်လက်ဖြစ်ပွားနီရေလို့ သိဟိရပါရေ။