APM ၊ ဂျန်နဝါရီ ၂/ ၂၀၂၄
ဂျန်နဝါရီ ၁ ရက်နိမာလည်း ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရီယာဉ်တိ ဆက်လက်ပစ်ခတ်တိုက်ခိုက်လျက်ဟိကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ”၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ (၁) ရက်နိတွင်လည်း ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား စစ်ကောင်စီ၏ စစ်ရီယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခသဖြင့် မြို့ပေါ်ရပ်ကွက်ဟိ နီအိမ်အချို့ မီးလောင်ပျက်စီးခရသည်။ ရန်သူသည်ရမ်းဗြဲမြို့တွင်း လက်နက်အင်အား၊ လူအင်အားများကို အခိုင်အမာတပ်စွဲအခြီချထားပြီး မြို့တွင်းဟိ ဒေသခံများအား လူသားဒိုင်းကာအဖြစ် အကာအကွယ်ယူ၍ နိစဉ်ရက်ဆက် လက်နက်ကြီး၊ ငယ်များဖြင့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက် ခိုက်လျက်ဟိသည်” လို့ဖော်ပြထားပါရေ။
အလားတူပင် ပေါက်တောမြို့မာလည်း စစ်ကောင်စီဖက်က မြီပြင်ထောက်ပို့တိကို ထပ်လို့ဖြည့်တင်း နိုင်စွမ်းမဟိရေအတွက် လီကြောင်း၊ ရီကြောင်းနန့် ကျန်ဟိနိသိမ့်ရေ လက်အောက်ခံစခန်းအချို့က ပေါက်တောမြို့ကိုဦးတည် ပစ်မှတ်ထားလို့ ပစ်ခတ်တိုက်ခိုက်မှုတိ ပြုလုပ်လျက်ဟိရေလို့ ဆိုပါရေ။
၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁ ရက်နိ၊ နိခင်း ၂ နာရီနန့် ၃ နာရီ ၃၀ ဝန်းကျင်လောက်မာ ရက္ခိုင်ပြည်၊ စစ်တွေမြို့ဟိ စစ်ကောင်စီတပ်ဖွဲ့ဝင်တိနန့် ၎င်းလက်အောက်ခံ လက်ကိုင် တုတ်အဖွဲ့ဝင်အင်အား (၄၀) လောက်စွာ ဆတ်ရိုးကျ၊ မြို့သစ်ရပ်ကွက်နန့် မင်းဒရားချိတ်ရွာဟောင်းရပ်ကွက်သို့ လက်နက်အပြည့်အစုံနန့်ဝင်ရောက်ပြီးကေ အမျိုးသမီး တယောက်အပါအဝင် ဒေသခံ ၅ ယောက်နန့် မူဆလင် ၆ ယောက်ရို့ကို အင်အားသုံး အဓမ္မဖမ်းဆီးခေါ်ဆောင်လားခပနာ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမာ ထိန်းသိမ်းထားရေလို့ သိရပါရေ။
ယင်းနိ၊နိခင်း ၃ နာရီအချိန်လောက်ကလည်း ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ပြင်ဆိပ်ရွာမာ အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံ “ခမရ (၅၃၈) တပ်ရင်း” က ရွာနားဝန်းကျင်မာ ရည်ရွယ်ချက်ဟိဟိ မိုင်းထောင် ထားမှုကြောင့် အသက်(၅၇) နှစ်အရွယ် သက်ကြီးပိုင်းဒေ သခံအမျိုးသားတယောက် ကျောက်ပြင်ဆိပ်ဘုန်းကြီး ကျောင်းနားမာ နွားကျောင်းနီချိန် မိုင်းနင်းမိလို့ ဘယ်ဖက်ခြီထောက်ပြတ်ထွက်လားရေအထိ ဒဏ်ရာအပြင်းအထန်ရဟိခရပါရေ။
ယေပြီးကေ ညဇာ ၇ နာရီ ၃၀ မိနစ်အချိန်လောက်မာလည်းမြောက်ဦးအခြီစိုက် စစ်ကောင်စီ၏ “ခမရ (၅၄၀) တပ်ရင်း”က အရပ်သားပြည်သူတိကိုပစ်မှတ်ထားပနာ လက်နက်ကြီးတိနန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်တိုက် ခိုက်ခလို့ ဗောဓိသာရာမဘုန်းကြီးကျောင်းနန့် ရွှီဂူတောင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည်တိကျရောက် ပေါက်ကွဲခပါရေ။
ရွှီဂူတောင်ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခရေ လက်နက်ကြီးကျည်ကြောင့် အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတယောက်သီဆုံးခရပနာ ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရလားခရေလို့ ဆိုပါရေ။
၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၃၁ ရက်နိ၊ မိုးထ ၈ နာရီ ၃၀ မိနစ်အချိန်မာ မောင်တောအခြီစိုက် စစ်ကောင်စီ၏ “မောရဝတီ ဗျူဟာကုန်း” က အရပ်သားပြည်သူရို့နီရာ ရပ်ရွာတိသို့ လက်နက်ကြီးတိနန့် တမင်တကာ ရည်ရွယ်ချက်ဟိဟိ ပစ်ခတ် တိုက်ခိုက်ခလို့ ကိုင်းကြီး (မြို) ရွာ၏ လမ်းမထက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခပနာ လမ်းလားလမ်းလာ ဒေသခံအမျိုးသမီး ၂ ယောက်နန့် အမျိုးသား ၁ ယောက် ကျည်စထိမှန် ထိခိုက်ဒဏ်ရာရလားခပါရေ။။
၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ ၁ ရက်နိမာလည်းကျောက်တော်မြို့နယ်၊ တင်းမရွာအနားဟိ ပြည်သူလူထုကို နှစ်ရှည် လများ အနှောင့်အယှက်ပီးနီရေ စစ်ကောင်စီ၏ “တောင်ရှည်တောင်ဗျူဟာကုန်း” ကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရီးတိုက်ပွဲတိ ဆက်လက်ပြင်းထန်နီခပြီးကေ၊ မိုးထ ၉ နာရီဝန်းကျင်က ရန်သူ၏ ဂျက်တိုက်လီယာဉ်စွာ အဆိုပါရွာနန့် အပါးဟပ်စပ်ရပ်ရွာတိသို့ ဗုံး (၅) လုံးထက်မနည်း လာရောက်ကြဲချတိုက်ခိုက်ခရေပိုင်၊ ၎င်းဗျူဟာကုန်းနန့် ကျောက်တော်အခြီစိုက် “စကခ (၉)” ကလည်းလက်နက်ကြီးတိနန့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နီခပါရေ။
ယင်း တောင်ရှည်တောင်ဗျူဟာကုန်းစွာ ဒေသခံပြည်သူရို့ကို အနိုင်ကျင့် ဗိုလ်ကျလျက် လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီး၊ သတ်ဖြတ်မှုတိ ပြုလုပ်နီခရေ စစ်ရာ ဇဝတ်မှုအခြီစိုက်ရာ နေရာတခု လို့ လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိရေ စစ်ကောင်စီ၏ စခန်းတိထဲမာ ချင်းလက်ဝစခန်း( ပလက်ဝ)၊ မီးဝဗျူ ဟာကုန်း (ပလက်ဝ)နန့် ပွိုင့် (၃၁၃) ကုန်း (ပလက်ဝမြို့၏ အရှိမြောက်ဖက် မီတာ (၁၇၀၀) အကွာအဝီးဟိစခန်း)အပါအဝင် အခြားသော တဝက်တပျက် ကျန်ဟိနီသိမ့်ရေ ရန်သူ့စခန်းကုန်းတိကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် လျက်ဟိရေလို့ သိရပါရေ။
ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နီရေ ယင်းနီရာတိသို့ စစ်ကောင်စီစွာ ဂျက်တိုက်လီယာဉ်တိနန့် လာရောက်ဗုံးကြဲတိုက်ခိုက်စွာ၊ လက်နက်ကြီးတိနန့် နိ၊ညည့်အချိန်မရွီးပစ်ခတ်တိုက်ခိုက်စွာတိနန့် အသည်းအသန်ခုခံနီရရေပိုင် ရက္ခိုင့်တပ်တော်အနီနန့်လည်း ယင်းစခန်းတိအားလုံးကိုအချိန်တိုတိုအတွင်းအပြီးသတ်သိမ်းပိုက်နိုင်ရီးဆက် လက်ကြိုးပမ်းဆောင်ရွက်လျက်ဟိရေလို့ဆိုပါရေ။
ယင်းအပြင် ဂျန်နဝါရီ ၁ ရက်နိကလည်း စစ်ကောင်စီ၏ လက်နက်ကြီးတိနန့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကန်ထောက်ဝက အရပ်သားပြည်သူ အမျိုးသမီး ၃ ယောက်လက်နက်ကြီးစထိမှန်လို့ ထိခိုက်ဒဏ်ရာရလားခကြောင်း
လည်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။