
APM၊ ဖေဖော်ဝါရီ ၁၆/၂၀၂၄
လက်နက်မချရေ စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို တခု မကျန်တိုက်ခိုက်လားဖို့လို့ ရက္ခိုင့်တပ်တော်က ဖေဖော်ဝါ ရီ ၁၅ ရက်နိမာ ထပ်မံ ပြောဆိုလိုက်ပါရေ။
ရက္ခိုင့်တပ်တော်၏သတင်းနန့် ပြန်ကြားရီးထုတ်ပြန်ချက် နန့် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဖေဖော်ဝါရီ ၁၅ ထုတ်ပြန်ချက်ရို့မာ ယင်းပိုင် ထည့်သွင်းဖော်ပြထားပါရေ။
ညီနောင်(၃)ဖွဲ့ ထုတ်ပြန်ချက်မာ “စစ်ကောင်စီ၏ ကြည်း၊ ရီ၊လီ ခုခံစစ်သည် အမြင့်ဆုံးအနီအထားတွင်ဟိနီပြီး မိမိရို့ထိုးစစ်သည်လည်း စစ်ကောင်စီထိုးစစ်နည်းတူအလိုက် သင့်အနီအထားတွင်ဟိသည်။ လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ တပ်စခန်းတိုင်းကို တခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လားမည်” လို့ ပြတ်ပြတ်သားသား ဖော်ပြထားပါရေ။
၁၀၂၇ စစ်ဆင်ရီး စတင်ခစွာကို ရက်အားဖြင့် ရေတွက်ပါက (၁၁၂) ရက်မြောက်နိသို့ ရောက်ဟိလာခရေပိုင် ရက္ခိုင်ဒေသတွင်း စစ်ဆင်ရေးကာလလည်း သုံးလပြည့်မြောက်ခပြီးဖြစ်တေလို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
အလားတူ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲတိစွာ တရက်ပြီးတရက် ဆက်လက် မြင့်တက်လျက်ဟိပြီး ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တော မြို့ရို့မာ ရက္ခိုင့်တပ်တော်၏ ထိုးစစ်နန့် အကြမ်းဖက်စစ်ကောင်စီ ၏ခံစစ်အကြား တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီရေလို့လည်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ချက်မာ ထည့်သွင်း ဖော်ပြထားပါရေ။
