စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နောင်ချို နန့် နမ့်ခမ်း မြို့နယ်ရို့မာ ၃ ဦးသီဆုံးပြီး၊ ၇ ဦး ပြင်းထန်ဒဏ်ရာ ရလားကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ ထုတ်ပြန်
APM ၊ နိုဗမ်ဘာ ၂၇/ ၂၀၂၃
နိုဗမ်ဘာ ၂၆ ရက်နိ တရက်တည်းအတွင်း အကြမ်းဖက် စစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူရို့ကို ရည်ရွယ် ချက်ဟိဟိလက်နက်ကြီးနန့်ပစ်ခတ်မှုကြောင့် နောင်ချိုနန့် နမ့်ခမ်း မြို့နယ်ရို့မာ အနည်းဆုံး ပြည်သူ ၃ ဦးသီဆုံးပြီး၊ ၇ ဦးပြင်းထန်ဒဏ်ရာ ရလားကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်လိုက်ပါရေ။
ထုတ်ပြန်ချက်မာ “၂၀၂၃ ခုနှစ်၊နိုဗမ်ဘာ ၂၆ ရက်နိ၊မိုးထ ၁၀ နာရီ ၅ မိနစ်မာ တအာင်းပြည်နယ်၊ တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ရွှီညောင်ပင်ကျေးရွာဖက်က စစ်ကောင်စီ၏ လက်နက်ကြီး ယမ်းသန်း ပစ်ခတ်မှုကြောင့် သုံးဆယ်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးကေ ၂ ဦးသီဆုံးပနာ ၁ ဦး ဒဏ်ရာအပြင်းအထန် ရလားခရေ”လို့ ဖော်ပြထားပါရေ။
ယင်းအပြင် “တရက်တည်းမာ စစ်ကောင်စီစွာ သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကျေးရွာတိဟိ အရပ်သားပြည်သူတိကို ဦးတည်ပစ်မှတ်ထားပနာ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနန့်(၂)ကြိမ်၊ လီကြောင်းဗုံးကြဲမှု (၇)ကြိမ်၊ လက်နက်ကြီး (၂၃) ကြိမ်ထက်မနည်း တမင်တကာ ယမ်းသန်းပစ်ခတ်မှုကြောင့် မာန်အောင်၊ မန်နား၊ သာယာကုန်း၊ မန်ဆက်ကျေးရွာတိမာ ကျရောက်ပေါက်ကွဲခပြီးကေ ၁၇ နှစ်အရွယ် အမျိုးသမီးချေ ၁ ဦးသီဆုံးပျာ ၆ဦး ဒဏ်ရာရလားခကြောင်း” ဖော်ပြထားပါရေ။
အလားတူ ရက္ခိုင်ပြည်မာလည်း နိုဗမ်ဘာ ၂၆ ရက်နိ၊ မွန်း လွဲ ၂ နာရီ ၃၀ မိနစ်က တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမဟိဘဲ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာနန့် ရဲရိုးပြင်ရွာကို စစ်ကောင်စီက တမင်ရည်ရွယ်ပနာ ဒရုန်းနန့် ဗုံးကြဲ တိုက်ခိုက်ရာ ၂ ဦး ဒဏ်ရာရလားပိုင်၊ ညဇာ ၃ နာရီခွဲမာ လည်း ပေါက်တောမြို့အတွင်းသို့ စစ်ကောင်စီက တမင်တကာ ပစ်မှတ်ထားပြီး ဒရုန်းနန့်ဗုံးကြဲတိုက်ခိုက်ခလို့ မြို့အတွင်း ပိတ်မိနီရေ မြို့ခံ (၄) ဦးထက်မနည်း ဒဏ်ရာရဟိလားပါရေ။
့
ယင်းနိ မွန်းလွဲ ၂ နာရီ ၃၀မိနစ်မာလည်း စစ်ကောင်စီ၏ ရီတပ်က ယမ်းသန်းပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်ကြောင့်ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ရွာ၏ဆိပ်ကမ်း မာကမ်းကပ်ထားရေ ဘုတ် ၁ စီးမီးလောင်ပျက်စီးခရပိုင်၊ ယင်းရီတပ်သင်္ဘောက ကျောက်ဆိပ်၊ ယိုးငူ အပါအဝင် တခြားအနားတဝိုက် ကျေးရွာတိကိုလည်း လက်နက်ကြီးနန့် တညဇာလုံး အဆက်မပြတ် ယမ်းသန်းပစ်နီခရလျေု့ ညီနောင် (၃) ဖွဲ့က ဆိုပါရေ။
၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နီခြင်းနန့် ဆက်စပ်ပြီးကေ နိုဗမ်ဘာ ၂၆ ရက်နိ၊ မိုးထ ၁ နာရီအချိန်က တအာင်းတပ်မတော် (TNLA) နန့် စစ်ကောင်စီတပ်ရို့မူဆယ်မြို့နယ် ဆိုင်ခေါင် နန့် ကောင်ရာရွာအကြားမာ ထိတွိတိုက်ပွဲဖြစ်ခကြောင်း၊ မိုးထ ၅ နာရီ ၄၀မိနစ်အချိန်က ကျောက်မဲမြို့နယ်၊နောင်ပြစ်ရွာလမ်းခွဲမာ TNLA နန့် စစ် ကောင်စီတပ်ရို့အကြား ထိတွိတိုက်ပွဲဖြစ်ပွားခကြောင်း၊ မိုးထ ၆ နာရီကစလို မူဆယ်မြို့ဝင် အေးသျှားဝါးဂိတ်နား မာ ညီနောင်မဟာမိတ် (၃) ဖွဲနန့် စစ်ကောင်စီတပ်အကြားတိုက်ပွဲပြင်းထန်ခကြောင်း၊ မိုးထ ၁၁ နာရီခွဲမာ လားသျှိး မြို့နယ် သံလွင်ကျေးရွာနန့်ဟိုတီးကျေးရွာအကြား TNLAနန့် MNDAA ပူးပေါင်းတပ်ဖွဲက စစ်ကောင်စီတပ်နန့် တိုက် ပွဲတိဖြစ်ပွားခကြောင်း ဖော်ပြပါရေ။
အလားတူ ပလက်ဝမာလည်း စစ်ကောင်စီ၏ တရွန်အိုင်” ဗျူဟာနန့် နှုးဘူး” ဗျူဟာနှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ရီးအတွက် ရက္ခိုင့်တပ်တော် (AA)က စစ်ကောင်စီတပ် ကို အပြင်းအထန်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နီပြီး၊ စစ်ကောင်စီဖက်က လီကြောင်းပစ်ကူတိပီးပနာ ခုခံနီရ ရေလိုလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့ ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
