APM ၊ ဂျန်နဝါရီ ၂၃/၂၀၂၄
ရက္ခိုင့်တပ်တော်(AA)၊ ကချင်လွတ်လပ်ရီး တပ်မတော် (KIA)အပါအဝင် ဒေသခံပူးပေါင်းတပ်ရို့ဟန်ချက်ညီထိုး စစ်ဆင်တိုက်ခိုက်ပြီး သျှမ်းမြောက်ဒေသ၊ မိုးမိတ်မြို့နန့်ထိစပ်နီရေ မဘိမ်းမြို့ကိုအပြီးသတ်သိမ်းပိုက်ကာ ဂျန်နဝါရီ ၂၁ ရက်နိကစလို့ အလုံးစုံထိန်းချုပ်ထားပြီးဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဂျန်နဝါရီ ၂၂ ရက်နိမာ ထုတ်ပြန်ပါရေ။
ညီနောင်(၃)ဖွဲ့၏ အဆိုပါထုတ်ပြန်ချက်အတွင်း “ရက္ခိုင့်တပ်တော်(AA)နန့် ကချင်လွတ်လပ်ရီးတပ်မတော် (KIA) အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီထိုး စစ်ဆင်တိုက်ခိုက်မှုမျိုးကို သျှမ်းမြောက်ဟိ မိုးမိတ်မြိုနန့် ထိစပ်နီသည့် “မဘိမ်းမြို့”တွင်ဖော်ဆောင်နိုင်ခကြောင်း၊
မဘိမ်းမြို့ စစ်ကောင်စီတပ်စခန်းများအား မိမိရို့စုပေါင်းအဖွဲ့မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခပြီး မဘိမ်းမြို့အား ဂျန်နဝါရီလ (၂၁) ရက်နိမှ စတင်၍ မိမိရို့မှ အလုံးစုံထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း” ထည့်သွင်းဖော်ပြထားပါရေ။
အလားတူ ရက္ခိုင့်တပ်တော်(AA)၊ကချင်လွတ်လပ်ရီးတပ် မတော် (KIA) အပါအဝင် ဒေသခံကာကွယ်ရီးတပ်ရို့ပူးတွဲကာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကိုလည်း ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်လျက်ဟိရေလို့ ညီနောင်သုံးဖော်ကဆိုပါရေ။
ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရီးကြီး(၈၈)ရက် မြောက်နိမာ သျှမ်းမြောက်ဒေသအတွင်း မိမိရို့ဖက်ကထိုးစစ်ဆင်ခြင်း တစုံတရာမဟိကေလေ့ စစ်ကောင်စီစွာ လီကြောင်းတိုက်ခိုက်မှုတိအပြင် မြီပြင်ကလည်း အလစ်အငိုက်ထိုးစစ်တိကိုပါ ပြုလုပ်နီကြောင်း၊ စစ်ကောင်စီအနီနန့် ဟိုင်ဂင်သဘောတူညီမှုတိကို ကျိုးပျက်စီလိုရေ ရည်ရွယ်ချက်နန့် တမင်တကာရန်စနီကြောင်း၊ မိမိရို့ဖက်က သည်းခံနီလို့ရာ တိုက်ပွဲတိကျယ်ပြန့်မလားခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ဂျန်နဝါရီ ၂၂ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။